မြန်မာလုပ်သားများ၏ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေများကို ပြန်လည်ထုတ်ယူနိုင်ကြောင်း မလေးရှားရှိ မြန်မာသံရုံးအသိပေး
စော(NSS) - အောက်တိုဘာ ၁၀
မြန်မာအလုပ်သမားများ၏ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေများကို ပြန်လည်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ယနေ့(အောက်တိုဘာလ ၁၀ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည် မလေးရှားနိုင်ငံ၏ ၁၉၉၁ ခုနှစ်၊ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေ အက်ဥပဒေအရ EPF စုငွေများကို ထည့်ဝင်၍ စုဆောင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုဆောင်းငွေထည့်သွင်းခဲ့ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ စုငွေများကို ထုတ်ယူခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် EPF အနေဖြင့် (၃)နှစ်ဆက်တိုက် စုဆောင်းငွေထည့်သွင်းခြင်းမရှိသည့် အဖွဲ့ဝင်များ၏ စုငွေများကို Unclaimed Money Management Division (BWTD)ဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ EPF စုဆောင်းငွေထည့်သွင်းထားသည့် မြန်မာနိုင်ငံသားများသည် မိမိနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ စုဆောင်းငွေများအား ပြန်လည်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် စုဆောင်းငွေထည့်သွင်းထားပြီး ငွေများအား ထုတ်ယူသွားခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများသည် EPF သို့မဟုတ် BWTD သို့ လိုအပ်သည့် စာရွက်စာတမ်းများကိုတင်ပြ၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။
၎င်း EPF စုဆောင်းငွေများ ထည့်သွင်းထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် စုဆောင်းငွေများနှင့်ပတ်သက်၍ သိရှိလိုပါက EPF ၏ Website ဖြစ်သည့် www.kwsp.gov.my သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၉)လအတွင်း ယာဉ်တိုက်မှုပေါင်း (၃၅၀၀)ကျော်ဖြစ်ပွားခဲ့ရာ လူ (၂၀၀၀)နီးပါး သေဆုံးခဲ့
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း