Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်းလေးကန် စံချိန်တင် ရေမြင့်တက်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေ

NSS - အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် ၁၈ နှစ်အတွင်း စံချိန်တင်ရေမြင့်တက်လာခြင်းကြောင့် နေထိုင်ရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။


မိုးရာသီကာလ ဇူလိုင်လ အစပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယခုရက် ပိုင်းတွင် စံချိန်တင်ရေတက်လာပြီး  အင်လေးကန်အတွင်းရှိ ကျေးရွာအချို့တွင် နေအိမ်အောက်ထပ်များ၌ ရေဝင်နေကြောင်းသိရသည်။

ယခင် ၂၀၀၅ ခုနှစ်၌ အင်းလေးကန်၌ စံချိန်တင်ရေမြင့်တက်ပြီး ဖောင်တော်ဦးဘုရား ရင်ပြင်အထိ ရေဝင်ရောက်ခြင်းကြောင့် ဈေး၊ ဈေးဆိုင်ခန်းများနှင့် စာသင်ကျောင်းများ တစ်လခန့် ပိတ်ထားခဲ့ရကြောင်း သိရသည်။

“ရေက ရွာလယ်လမ်း ကြွေပြားတွေအထိ ဝင်လာပြီ။ ဒီထက် တက်လာရင်လည်း လှေနဲ့ သွားလို့ရတာပေါ့။ မဟုတ်ဘူးဆိုလည်း ရေနည်းနည်းတော့ ကျစေချင်တာပေါ့။ အခုက ဟိုမရောက် ဒီမရောက် လမ်းလျှောက်လည်း ရေစို၊ လှေနဲ့လည်း သွားလို့မရ။ နမ့်ဟူး (ဖောင်တော်ဦးဘုရား အနောက်ရွာ)မှာတော့ အိမ်အောက်ထပ်တွေ ရေဝင်နေပြီ ”ဟု ဖောင်တော်ဦးဘုရားအနီး သာလေးကျေးရွာတွင် နေထိုင်သူတစ်ဦးက NSS ကိုပြောသည်။

အင်းလေးကန် ရေတက်လာခြင်းသည် အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပမည့် ဒေသစာရီ ကြွချီပူဇော်ပွဲတော်အတွက် အဆင်ပြေသော်လည်း စီးပွားရေးနှင့် နေထိုင်ရေးများ အတွက် အခက်အခဲရှိလာနိုင်ကြောင်း ပြောသည်။

လက်ရှိတွင် ဖောင်တော်ဦးဘုရား ရင်ပြင်သို့ ရေရောက်ရှိရန် ၃ တောင်ခန့်သာလိုပြီး ရေထပ် မံတက်လာပါက ဘုရားရင်ပြင်ထဲ ရေဝင်ရောက်ပြီး ပွဲတော်ထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဖောင်တော်ဦးဘုရားမှဈေးသည်တစ်ဦးက NSS ကိုပြောသည်။

“ပွဲတော်မဖြစ်တာ ၃ နှစ်ကြာပြီလေ။ ဒီနှစ်ပြန်လုပ်မယ်ဆိုတော့ အားခဲထားတာ။ ရေထပ်တက်လာရင်တော့ ဈေးမရောင်းရတော့ဘူး။ ဘယ်သူမှလည်း လာကြတော့မှာ မဟုတ်ဘူး။ ဒီလောက်အနေအထားဆိုရင်တော့ မဆိုးဘူး။ မိုးထပ်ရွာရင်တော့ မလွယ်ဘူး။ အင်းလေးမှာက သိတဲ့အတိုင်း ရေတက်ရင် တအားမြန်တာ”ဟု အဆိုပါ ဈေးသည်က ပြောသည်။

လတ်တလော၌ အင်းလေးကန် အနောက်ဘက် လမ်းပိုင်းအချို့တွင် ရေဝင်ရောက်နေပြီး ဆိုင်ကယ်များသွားလာရန် ခက်ခဲနေကြောင်းသိရသည်။

ဖောင်တော်ဦး ဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရှေးအစဉ်အလာအတိုင်း နေရာ၂၁ ခုသို့ ‌ဒေသစာရီကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာလုပ်သားများ၏ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေများကို ပြန်လည်ထုတ်ယူနိုင်ကြောင်း မလေးရှားရှိ မြန်မာသံရုံးအသိပေး

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved