ပဲခူးမြစ်ရေသည် (၁၀၀၀)စင်တီမီတာအောက်သို့ ပြန်လည်ကျဆင်းလာသော်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဆဲဖြစ်
မြူနစ် (NSS) - အောက်တိုဘာ ၁၀
ပဲခူးမြစ်ရေသည် (၁၀၀၀)စင်တီမီတာအောက်သို့ ပြန်လည်ကျဆင်းလာသော်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် အောက်တိုဘာလ ၇ ရက်မှစတင်ကာ လက်ရှိအချိန်ထိ ပဲခူးတစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။
ပဲခူးမြို့မြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၈၈၀)စင်တီမီတာဖြစ်ပြီး ယမန်နေ့(အောက်တိုဘာလ ၉ ရက်)တွင် (၁၀၀၄)စင်တီမီတာအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါမြစ်ရေသည် ယနေ့(အောက်တိုဘာလ ၁၀ ရက်)၊ နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ (၁၀၀၁)စင်တီမီတာသို့ပြန်လည်ကျဆင်းခဲ့ပြီး ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန် ထပ်မံတိုင်းတာချက်အရ (၉၉၉)စင်တီမီတာသို့ ကျဆင်းလာခဲ့ကြောင်း မိုးဇလကပြောသည်။
ပဲခူးမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံကျဆင်းလာနိုင်သော်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းလေးကန် စံချိန်တင် ရေမြင့်တက်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း