မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက လုပ်ငန်းရှင် ၂၅ဝ ကျော်ကို အသင်းသားအဖြစ်မှရပ်ဆိုင်း
NSS - အောက်တိုဘာ ၁၀
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ နှစ်စဉ် အသင်းဝင်ကြေးပေးသွင်းရန်ပျက်ကွက်သောလုပ်ငန်းရှင် ၂၅၄ ဦးအား အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင်း အသင်းသားဦးရေ ၈၁၉ ဦးရှိရာ အသင်း သား ၂၅၄ ဦးက ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေးပေးသွင်းရန်ပျက်ကွက်ခဲ့ကြောင်းသိရသည်။
အကြောင်းကြားစာသုံးကြိမ်ပေးပို့ခဲ့သော်လည်း ဆက်သွယ်ဆောက်ရွက်ခြင်းမရှိခြင်းကြောင့် အသင်းဝင်ကြေး မပေးသွင်းသည့်လုပ်ငန်းရှင်များကို အသင်းဝင်အဖြစ်မှရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
“စက်ရုံ ၂၅၀ ကျော် ပိတ်သွားတဲ့သဘောပါဘဲ။ ဒီနှစ်ပိုင်းအတွင်းမှာ လုပ်ငန်းအော်ဒါတွေ မကောင်းလို့ပိတ်လိုက်တဲ့စက်ရုံတွေ အများကြီးဆိုတာသေချာသွားတဲ့သဘောပါ။ အထည်ချုပ်လုပ်ငန်းဟာ ဒီနှစ်ပိုင်းတွေမှာ ရေပန်းစားမှုမရှိတဲ့ အခြေအနေရောက်လာတာပေါ့”ဟု ရွှေပြည်သာမြို့နယ်မှ အလုပ်သမားရေးရာကူညီဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးကပြော သည်။
လက်ရှိတွင် အောက်တိုဘာလ ၉ ရက်မှစတင်ကာ နှစ်စဉ် အသင်းဝင်ကြေးပေးသွင်းရန်ပျက်ကွက်သော လုပ်ငန်းရှင် ၂၅၄ ဦး ကို အသင်းဝင်အဖြစ်မှရပ်ဆိုင်းခဲ့ပြီး ပြန်လည် အသင်းဝင်လိုပါက အသင်း၌အကြွေးကျန်ရှိသည်များကိုပေးသွင်းကာ အသင်းသားသစ်အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း မျောပါသေဆုံးနေသည့် အမျိုးသားအလောင်း (၂)လောင်းတွေ့ရှိ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း