Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်း နှင့် မြန်မာနယ်စပ်ဒေသရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများအတွက် UNICEF ထံ ထိုင်းအစိုးရက ဘတ်ငွေ ၃ ဒသမ ၆ သန်း ကူညီလှူဒါန်း

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁ဝ

ထိုင်းအစိုးရသည် မြန်မာ နှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ရှိ ကျန်းမာရေးပိုင်းဆိုင်ရာစိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရသောမြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုအဖြစ် ထိုင်းဘတ် ငွေ ၃ ဒသမ ၆ သန်း ကူညီလှူဒါန်းလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

ထိုင်းအစိုးရသည် ထိုင်း နှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ ကျန်းမာရေးဆိုင်ရာအကူအညီများပေးနိုင်ရန် အတွက် ကုလသမဂ္ဂကလေးငယ်များ ရန်ပုံငွေ UNICEF အဖွဲ့ထံကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီး  Parnpree Bahiddha-Nukara ဦးဆောင်သော အဖွဲ့သည် အဆိုပါကူညီလှူဒါန်းငွေများကို ထိုင်းနိုင်ငံရှိ UNICEF ကိုယ်စားလှယ်ရုံးတာဝန်ရှိသူများထံ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး လူသားချင်းဆိုင်ရာစာနာမှု အကူအညီလိုအပ်နေသူများကို အာဟာရပြည့်စေရန်၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း နှင့် သန့်ရှင်ရေးပစ္စည်းများ၊ ကလေးငယ်များကို ကာကွယ်ဆေးအပြင် စိတ်ပိုင်းဆိုင်ရာကူညီပေးနိုင်မှုများ ပြုလုပ်နိုင်ရန် အတွက် UNICEF အဖွဲ့ကို ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 


ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက "မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးနိုင်အောင် ကူညီ ထောက်ပံ့ပေးဖို့ ထိုင်းအစိုးရကတိတွေ ခိုင်မာမှုရှိကြောင်း ပြသတာပါ။ ဒါ့အပြင် ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို ထိုင်းအစိုးရက အပြုသဘောဆောင်တဲ့ ကူညီထောက်ပံ့ပေးဖို့ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ဒီကူညီလှူဒါန်းမှု တွေဟာ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက်မှာ နေထိုင်နေတဲ့ လူတွေအတွက် အများပြည်သူကျန်းမာရေး ဆိုင်ရာစနစ်တွေကို ပိုမိုကောင်းမွန်လာစေဖို့ အထောက်ပံ့ဖြစ်မှာပါ" ဟု ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-10 / 2:30 PM)

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved