Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KIA ဌာနချုပ် လိုင်ဇာမြို့အနီး၌ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် လူ(၃၀)ထက်မနည်း သေဆုံးခဲ့

မြူနစ် (NSS) - အောက်တိုဘာ ၁၀ 

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ဌာနချုပ် လိုင်ဇာမြို့အနီး၌ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် လူ(၃၀)ထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့(အောက်တိုဘာလ ၉ ရက်) ညသန်းခေါင်ယံအချိန်၌ လိုင်ဇာမြို့နှင့် (၂)မိုင်ခန့်သာ ကွာဝေးသော မုန်လိုင်ခက်စစ်ရှောင်စခန်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း (၁၀)ဦးထက်မနည်းသော ကလေးငယ်များအပါအဝင် လူပေါင်း (၃၀)ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြမှုများရှိနေသည်ကို တွေ့ရှိရသည်။

လိုင်ဇာမြို့အနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြေပြင်သတင်းအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ယနေ့(အောက်တိုဘာလ ၁၀ ရက်) နံနက်ပိုင်းတွင် မီဒီယာများကို ဖြေကြားသည်။

“ဒီလိုင်ဇာသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့အနေနဲ့က ဒီနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ဆိုတာ ဖြစ်နိုင်သလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို၊ လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ကျွန်တော်တို့ ပစ်ခတ်နိုင်တယ်။ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ပြောပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား တပ်မတော်က လေယာဉ်ဖြင့် ပစ်ခတ်သည်ဟု ပြော ဆိုမှုများရှိသကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟုလည်း မတိမကျပြောဆိုနေမှုများရှိကြောင်းလည်း နစကပြောခွင့်ရက တုံ့ပြန်ထားသည်။

“ကျွန်တော် အတိအကျပြောနိုင်တာတစ်ခုကတော့ အဲဒီနေရာပေါ့၊ အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာသည် KIA အနေနဲ့ UAV တွေသုံးပြီးတော့ မောင်းသူမဲ့လေယာဉ်တွေ သုံးပြီးတော့ တပ်မတော်စခန်းတွေကို Drop ဗုံး လာချတဲ့နေရာ၊ စစ်ကြောင်းတွေကို Drop ဗုံးလာချတဲ့ နေရာဖြစ်တယ်။ ဒါကြောင့်မိုလို့ ဒီမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာ ကြောင့်ဖြစ်တယ်ဆိုတာတော့ စုံစမ်းနေဆဲပဲ ဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောသည်။

ထို့ပြင် နစကပြောခွင့်ရက ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာသည် Drop ဗုံးများ သို လှောင်သည့်နေရာ ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ထားပြီး မြေပြင်သတင်းများကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ (၂)မိုင်ခန့်သာ ကွာဝေးပြီး ယင်းနေရာတွင် KIA နှင့် ၎င်း၏ မိသားစုဝင်များသာ အများစုနေထိုင်ကြောင်း သိရသည်ဟု ကချင်ပြည်နယ်အခြေစိုက် ဒူးလေးပါတီဥက္ကဋ္ဌဦးရွှေမင်းက NSS ကို ပြောသည်။

“ဘာမှ အသံမကြားဘူး။ “ချိမ်း”ဆိုတဲ့ အသံတစ်ချက်ပဲ ကြားပြီးတော့ ပြီးတာနဲ့ အားလုံး ဒီလိုကြီး ဖြစ်သွားတယ်ဆိုတော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူတို့အထဲကလည်း ဖြစ်နိုင်သလို သူတို့ရဲ့ ရန်သူတွေရှိတဲ့ဘက်ကလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လက်နက်က တော်တော်လေးကောင်းတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဦးရွှေမင်းက ပြောသည်။

စစ်ပွဲများ ဖြစ်ပွားနေသမျှ ယခုကဲ့သို့ ဖြစ်စဉ်များ ရှိနေမည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အရေးကြီးသည်ဟု ဥက္ကဋ္ဌဦးရွှေမင်းက ထပ်မံပြောသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အခြေခံရည်ညွှန်းစပါးဈေးအောက် နှိမ့်ဝယ်ခြင်း၊ အချိန်ဆွဲဝယ်ယူခြင်းများကြောင့် တောင်သူတွေ အခက်အခဲဖြစ်နေ

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved