အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-10 / 11:30 AM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁ဝ
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖမ်းဆီးခံထားရတဲ့အစ္စရေးနိုင်ငံသား ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဟာမက်လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဟာမက်လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Abu Ubaida က "အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ နေဘက်ရော၊ ညဖက်ရော ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲဒီရလဒ်ကြောင့် ကျွန်တော်တို့ ဖမ်းဆီး ထားတဲ့ အစ္စရေး လေးဦး သေဆုံးခဲ့ရတယ်" လို့ ပြောပါတယ်။
ဟာမက်ဟာ အစ္စရေးရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ဖမ်းဆီးထားတဲ့လူတွေကို ကွပ်မျက်တာတွေ မလုပ်သေး ကြောင်း၊ ဒါပေမယ့် အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဖမ်းဆီးထားသူတွေကို တော့ ကွပ်မျက်မှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်ဟာ အစ္စရေးကို ကူညီထောက်ပံ့ပေးဖို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးနဲ့ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ဟာမက်လက်နက်ကိုင်အဖွဲ့ဖမ်းဆီးခံထားရတဲ့သူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးအောင် ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မလေးရှားအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသအပြင် အစ္စရေးနဲ့ ဟာမက်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးရပ်တန့်အောင်ချက်ချင်းဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မလေးရှားဒုတိယဝန်ကြီးချုပ်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမက်နဲ့ အစ္စရေး ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် လူအများအပြား သေဆုံး၊ ဒဏ်ရာရခြင်းများရှိနေကြောင်း ပြောပါတယ်။
အမေရိကန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ချားလ်ဘရောင်းဟာ အစ္စရေးစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Staff Herzi Halevi နဲ့ အောက်တိုဘာ ၉ ရက်က ဟာမက်အဖွဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး အမေရိကန်စစ်တပ်ရဲ့ ဒေသအတွင်း ရပ်တည်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် က ပြောပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟာမက်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံကို လိုအပ်တာတွေ ကူညီထောက်ပံ့ပေးမှုတွေလုပ်ဆောင်မယ်လို့ ကတိပေးထားပါတယ်။
အစ္စရေးအာဏာပိုင်တွေဟာ ပါလက်စတိုင်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေချိန်မှာ ဂါဇာကမ်းမြောင် ဒေသအပေါ်ပေးပို့နေတဲ့ ရေပေးဝေမှုတွေဖြတ်တောက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အစ္စရေးစွမ်းအင်ဝန်ကြီး Israel Katz က ဂါဇာကမ်းမြောင်ဒေသကို ရေပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို့အမိန့်ပေးခဲ့သလို လျှပ်စစ်ဓါတ်အားပေး ခြင်းတွေကိုလည်း ရပ်ဆိုင်းသွားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA ဌာနချုပ် လိုင်ဇာမြို့အနီး၌ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် လူ(၃၀)ထက်မနည်း သေဆုံးခဲ့
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း