မနက်ဖြန်ညနေပိုင်း၌ ပဲခူးမြစ်ရေမြင့်တက်မှု ပြန်လည်ကျဆင်းလာနိုင်ကြောင်း မိုးဇလခန့်မှန်း
သန့်ဇင် (NSS) - အောက်တိုဘာ ၉
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လက်ရှိပြီး မနက်ဖြန်ညနေပိုင်းတွင် မြစ်ရေပြန်လည်ကျဆင်းလာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထား သည်။
ယနေ့ (အောက်တိုဘာလ ၉ရက်)၊ နံနက် ၆နာရီခွဲအချိန်တိုင်းတာချက်အရ ပဲခူးမြစ်ရေအမှတ်သည် (၁၀၀၄ စင်တီမီတာ)ရှိပြီး ပဲခူးမြို့၏စိုးရိမ်ရေအမှတ်ထက်(၄)ပေကျော် မြင့်တက်နေကြောင်း သိရသည်။
“လက်ရှိကတော့ ပဲခူးမြစ်ရေက (၁၀၀၄ စင်တီမီတာ)ပေါ့နော်။ အဲဒီလိုဆိုတော့ ကျွန်မတို့ခန့်မှန်းထားတဲ့ စိုးရိမ်ရေအမှတ်ထက်ကို (၄)ပေကျော်ကို ကျော်လွန်နေတယ်။ ကျွန်မတို့ ခန့်မှန်းချက်အနေနဲ့ကတော့ အများဆုံးတက်ရင် (၃)လက်မ လောက်တော့ ဆက်ပြီး တက်နိုင်သေးတယ်လို့တော့ မှန်းထားတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(ခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးသန်းက NSS ကိုပြောသည်။
လက်ရှိတွင် မိုးရွာသွန်းမှုလျော့နည်းလာမှုနှင့်အတူ ဆည်ရေလွှတ်မှုပမာဏများပြန်လည်ထိန်းချုပ်လာနိုင်မှုများကြောင့် မနက်ဖြန်(အောက်တိုဘာလ ၁၀ ရက်) ညနေပိုင်းတွင် ရေများအကျဘက်သို့ ပြန်လည်ဦးတည်လာနိုင်ကြောင်း သိရသည်။
ပဲခူးမြစ်ရေသည် လွန်ခဲ့သည် (၂၀၁၈)ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် အများဆုံးအနေဖြင့် (၉၆၈ စင်တီမီတာ) ၃ ပေခန့် စံချိန်တင်မြင့်ခဲ့ပြီး ယခုမြစ်ရေမြင့်တက်မှုသည် (၄)ပေကျော်မြင့်တက်ခဲ့သည့်အတွက် ယခင်စံချိန်ထက် (၁)ပေကျော်ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေကြီးတဲ့အချိန်ဆိုတော့ စားရေသောက်ရေးအခက်အခဲလည်းရှိတာပေါ့နော်။ အဲဒီအခက်အခဲအပြင် ရေကြီးနေတာဆိုတော့ ဝမ်းရောဂါတွေမဖြစ်အောင် ရေကိုကြိုချက်ပြီးသောက်ဖို့နဲ့။ လျှပ်စစ်အန္တရာယ်ကိုလဲ သိပြုဖို့လိုတယ်။ ကျွန်မတို့အနေနဲ့လဲ အချိန်နဲ့တပြေးညီ ခန့်မှန်းချက်တွေကို ထုတ်ပြန်နေပါတယ်”ဟု ၎င်းကဆက်လက်အကြံပြုပြောကြားထားသည်။
ယခုလက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အခြားအသင်းအဖွဲ့များမှ ပဲခူးမြို့ရေကြီးရေလျှံမှုကြောင်း အခက်အခဲဖြစ်နေသူများအတွက် အစားအ သောက်များ၊ ဆေးဝါးများနှင့် သောက်သုံးရေများ ကူညီပံ့ပိုးမှုများဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"စစ်ဖြစ်နေမှ အကျိုးဖြစ်ထွန်းမယ့်လူတွေကတော့ တိုင်းပြည်ငြိမ်းချမ်းသွားမှာကို တော်တော်လေး စိုးရိမ်နေကြမှာပေါ့" - (KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း) (သီးသန့်တွေ့ဆုံမေးမြန်းခြင်း)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း