ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ အခြေပြုလှုပ်ရှားနေသည့် ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့ရန် အစ္စရေးကာကွယ်ရေးဝန်ကြီး အမိန့်ပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၉
အစ္စရေး ကာကွယ်ရေးဝန်ကြီးသည် ၎င်း၏တပ်ဖွဲ့ဝင်များကို ဂါဇာကမ်း မြောင်ဒေသကို အပြည့်အဝ၀န်းရံပိတ်ဆို့ထားရန် အမိန့်ပေးလိုက်ကြောင်းသိရသည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို လေကြောင်းမှ အရှိန်မြင့်ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်နေချိန်တွင်ကာကွယ်ရေးဝန်ကြီး ဂယ်လ်လန့်က ယင်းကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းက "ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသကိုအပြည့်အဝပိတ်ဆို့သွားမယ်။ ဂါဇာကမ်းမြောင်ဒေသကို လျှပ်စစ်မီးမပေးဘူး၊ အစားအစာ၊ ရေနဲ့ ဓါတ်ငွေ့အားလုံးမရအောင်လုပ်ဆောင်မယ်"ဟု ပြောသည်။
အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် ဂါဇာဒေသအနီး တောင်ဘက်ပိုင်းရှိ အဖွဲ့အစည်းအားလုံးကို အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဟားမက်စ် နှင့် အစ္စရေးနိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂ ရက်အကြာတွင် အစ္စရေးစစ်တပ်သည် ဟားမက်စ်တပ်ဖွဲ့အခြေ စိုက်လှုပ်ရှားနေသည့် ဂါဇာဒေသ တောင်ပိုင်းကိုထိန်းချုပ်လိုက်ခြင်းဖြစ် သည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က "ကျွန်တော်တို့ဟာ ဂါဇာဒေသတောင်ဘက်ခြမ်းရှိ လူ့အဖွဲ့အစည်းတွေကိုအပြည့်အဝထိန်းချုပ်လိုက်ပါတယ်။ အဲဒီဒေသရဲ့နေရာအချို့မှာတော့ အကြမ်းဖက်သမားတွေ ရှိကောင်းရှိနိုင်တယ်"ဟု ပြောသည်။
ဂါဇာကမ်းမြောင်ဒေသ ပတ်ဝန်းကျင် အားလုံးရှိအဖွဲ့အစည်းများကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို အစ္စရေးတပ်ဖွဲ့ဝင်များ နှင့် ဟာမက်အဖွဲ့ဝင်များကြားတိုက်ပွဲများ အစ္စရေးနိုင်ငံပိုင်နက်အတွင်းတွင်မဖြစ်ပွားတော့ကြောင်း ၎င်းကပြောသည်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟာမက်သည် အစ္စရေးနိုင်ငံကို အောက် တိုဘာလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတိုက်ပွဲများစတင်ခဲ့ပြီး အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းအထိ လူပေါင်း ၁၁၀၀ ကျော် သေဆုံးထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်ညနေပိုင်း၌ ပဲခူးမြစ်ရေမြင့်တက်မှု ပြန်လည်ကျဆင်းလာနိုင်ကြောင်း မိုးဇလခန့်မှန်း
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း