လာမည့်နှစ်တွင်ကျင်းပမည့် ရုရှားရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ချေချင်းညာခေါင်းဆောင် အဆိုပြု
Pika (NSS) - အောက်တိုဘာ ၉
ယူကရိန်းပဋိပက္ခကြောင့် လာမည့်နှစ်တွင် ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ရုရှားလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသချေချင်းညာအကြီးအကဲ Ramzan Kadyrov က အဆိုပြုခဲ့ကြောင်းသိရသည်။
ရုရှားသမ္မတပူတင်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ချေချင်းညာဒေသ Grozny မြို့တွင် ကျင်းပသည့် အခမ်းအနားအတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားကို လူပေါင်း(၂၅၀၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း ဒေသတွင်းအာဏာပိုင်များကပြောကြားခဲ့သည်။
Ramzan Kadyrov က "ယူကရိန်းကို စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းက သမ္မတပူတင်တစ်ဦးပဲရှိနေတယ်။ အဲဒီအတွက် ရွေးကောက်ပွဲကို ယာယီရပ်ဆိုင်းထားဖို့ အဆိုပြုချင်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့နိုင်ငံကို ကာကွယ်မယ့်လူက အခြားလူလည်းမရှိတာကြောင့် ရွေးကောက်ပွဲတွေကို ခဏတာရပ်ဆိုင်းထားဖို့ အကြုံပြုချင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ရုရှား၏ထိပ်တန်းခေါင်းဆောင်များသည် ချေချင်းညာခေါင်းဆောင်၏ အဆိုပြုချက်အပေါ် မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။ သို့သော်လည်း ယင်းအဆိုပြုချက်မှာ သင့်လျော်သော အဆိုပြုချက်တစ်ခုမဟုတ်ကြောင်း ရုရှားလွှတ်တော်၏ နိုင်ငံတကာရေးရာအကြီးအကဲ Aleksey Chepa က ပြောဆိုခဲ့သည်။
၎င်းက"ရွေးကောက်ပွဲကို မရွှေ့ဆိုင်းသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ချေချင်းညာအကြီးအကဲ Ramzan Kadyrov ရဲ့ အဆိုပြုချက်ကို ကျွန်တော်နား လည်ပါတယ်။သမ္မတပူတင်ဟာ သူ့ကို လူဘယ်နှစ်ယောက်ကထောက်ခံတယ်ဆိုတာကို နားလည်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း အများအပြားနဲ့ ကျင်းပတာက ပိုပြီးသင့်လျော်မှာပါ။ ရွေးကောက်ပွဲရလဒ်တွေကို ဝင်ရောက်စွက်ဖက်ချင်နေတဲ့ ကျွန်တော်တို့ရဲ့ ရန်သူတွေကို အခွင့်အရေးပေးမှာမဟုတ်ပါဘူး"ဟုပြော ဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ အခြေပြုလှုပ်ရှားနေသည့် ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့ရန် အစ္စရေးကာကွယ်ရေးဝန်ကြီး အမိန့်ပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း