Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မျက်စိနာရောဂါသည် ကူးစက်လွယ်ပြီး ကူးစက်ခံရသူ၏ ပစ္စည်းများကို သုံးစွဲခြင်းမပြုသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး

စော (NSS) - အောက်တိုဘာ ၉

မျက်စိနာရောဂါသည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး ကူးစက်ခံရသူ၏ ပစ္စည်းများကို သုံးစွဲခြင်းမပြုသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိ ပေးထုတ်ပြန်ထားသည်။


ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာလ ၉ ရက်)တွင် အထက် ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားပြီး ရောဂါကူးစက်ခံရလျှင် (၅)ရက်မှ (၇)ရက်ခန့်ထိ ကြာမြင့်တတ်ကြောင်း သိရသည်။

ထို့သို့ ကူးစက်ခံရလျှင် မျက်စိနီရဲခြင်း၊ မျက်စိယားယံခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်ဝတ်များထွက်ခြင်း၊ မျက်စိနာကျင်ရောင်ရမ်းခြင်းနှင့် အလင်းရောင်မကြည့်နိုင်ခြင်းစသည့်‌ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း သိရသည်။

မျက်စိနာရောဂါဖြစ်ပွားသူနှင့်နီးကပ်စွာ အတူနေထိုင်ခြင်း အပါအဝင် ၎င်း၏ အသုံးအဆောင်များကို ကိုင်တွယ်သုံးစွဲခြင်းတို့ကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် ရှောင်ရှားသင့်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် မျက်စိနာရောဂါသည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ၏ အလှပြင်ပစ္စည်းများ၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါစသည့် အသုံးအဆောင်များကို အတူသုံးစွဲခြင်းမပြုလုပ်သင့်ကြောင်း သိရသည်။

ထို့ပြင် လက်ကိုင်ပုဝါအစား တစ်ခါသုံးတစ်ရှူးကို  အသုံးပြုသင့်ပြီး ရောဂါ ကူးစက်ခံရသူ၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွပ်ရမည်ဖြစ် ကြောင်း တိုက်တွန်းထားသည်။

ရောဂါကူးစက်ခံရပါက မျက်လုံးအနီးတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးရန် လိုပြီး မျက်ရည်တု (သို့မဟုတ်) မျက်စဉ်းဆေးရည် (Artifical Tear Eye Drops) ကို တစ်နေ့ (၃)ကြိမ်မှ (၄)ကြိမ် ခတ်ပေးရမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

ထို့ပြင် မျက်လုံးကို မသန့်ရှင်းမီနှင့် မျက်စဉ်းဆေးရည်ခတ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာစွာဆေးကြောရမည်ဖြစ်ပြီး အကယ်၍ မသက်သာပါက ဆေးရုံ၊ ဆေးခန်းများနှင့် မျက်စိကုဌာနသို့ ပြသရမည်ဖြစ်ကြောင်း တိုက် တွန်းထားသည်။

၎င်းမျက်စိနာရောဂါ အခြားသူများသို့ မကူးစက်စေရန်အတွက် မျက်စိနာရောဂါကူးစက်ခံရသူသည် မျက်စိကို မကိုင်မိစေရန် အကာအကွယ်မျက်မှန်တပ်ထားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးတိုက်တွန်းထား သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (2:00 PM)

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved