Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (2:00 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၉ 

အမေရိကန်ရီပတ်ဘလီကန်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် တေလာ ဂရင်းက အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ဟားမက်အဖွဲ့ အသုံးပြုနေတဲ့ အမေရိကန်ထုတ်လက်နက်များနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ဟာမက်လက်နက်ကိုင်အဖွဲ့အသုံးပြုနေတဲ့ အမေရိကန်လက်နက်တွေဟာ ယူကရိန်း ဒါမှမဟုတ် အာဖန်ဂန်နစ္စတန်နိုင်ငံက ရရှိခြင်းမျိုးဖြစ်နိုင်ဖွယ်ရှိနေပြီး၊ အဲဒီလက်နက်များရရှိတဲ့ မူလအစစ်မှန်နေရာကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ 

အီရန်အစိုးရက အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့ အီရန်နိုင်ငံက ဟာမက်အဖွဲ့ကို အားပေးကူညီခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 


အစ္စရေး နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် အနည်းဆုံးလူပေါင်း ၁၂၃ဝဝဝ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ အစ္စရေးဟာ ဟာမက်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ လေကြောင်း ဗုံးကြဲမှုတွေကြောင့် ဂါဇာဒေသမှာ အိမ်ယာအဆောက်အဦးပေါင်း ၁၆ဝ အပြင်အခြားအဆောက်အဦးပေါင်း ၁၂ဝဝ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

လူပေါင်း ၂၅ဝ ကျော် နေရပ်စွန့်ခွာနေထိုင်နေတဲ့ စာသင်ကျောင်းအဆောက်အဦးလည်း ဗုံးဒဏ်ခံခဲ့ရကြောင်း သိရပါတယ်။ 

အစ္စရေးစစ်ဘက် တာဝန်ရှိသူတစ်ဦးက အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်ဖို့ စစ်လက်နက်ပစ္စည်းများ လုံလောက်မှုမရှိကြောင်း သတင်းများထွက်ပေါ်နေခြင်းကို ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။

၎င်းက "စစ်လက်နက်ပစ္စည်းအချို့ကို နေရာရွှေ့ပြောင်းထားတာတွေ လုပ်ခဲ့ရတယ်။ စစ်လက်နက်ပစ္စည်း လိုအပ်ချက်မရှိပါဘူး" လို့ ပြောပါတယ်။ 

အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ နဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်နေရာပေါင်း ၈ဝဝ ကျော်ကို အောက်တိုဘာလ ၈ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဂါဇာဒေသရှိ  Beit Hanoun အရပ်ဒေသမှာလည်း တိုက်လေယာဉ်အစင်းပေါင်း ၅ဝ ကျော် ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။

အစ္စရေးဟာ ဟားမက်အဖွဲ့ရဲ့အလစ်တိုက်ခိုက်ခံရပြီးနောက် ဟာမက်အဖွဲ့ထိန်းချုပ်ထားတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့ ဟာ အစ္စရေးပိုင်တွေကို အောက်တိုဘာ ၉ ရက်မှာ ရော့ကဒ် ဒုံးကျည်တွေနဲ့ဆက်လက်တိုက်ခိုက်နေပြီး အစ္စရေးနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမြို့ရှိ လူနေအိမ်ယာအဆောက်အဦးများကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေး နဲ့ ဟားမက်တို့ဟာ အောက်တိုဘာ ၇ ရက်မှာ စစ်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ရာ နှစ်ဖက် သေဆုံးသူအရေအတွက် ၁၁ဝဝ ကျော်သွားခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူးမြစ်ရေစံချိန်တင်မြင့်တက်မှုနှင့်အတူ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းအချို့ဆက်သွယ်မှုများ ပြတ်တောက်နေ

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved