Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားခအဖြစ် ငွေကျပ်(၃၅ဝဝဝ)ကျသင့်မည်ဖြစ်ပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့်ပြုလုပ်ရမည်

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၂၃

နိုင်ငံကူးလက်မှတ်လျှောက်ထားခအဖြစ် ငွေကျပ် (၃၅ဝဝဝ) ကျသင့်မည်ဖြစ်ပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်များလျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းကို ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်ကာ www.passport.gov.mm ဝက်ဆိုဒ်သို့ ဝင်ရောက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်းသိရသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံး ပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၃၅ဝဝဝ ကျပ်၊ ပျောက် ဆုံး/ပျက်စီးအတွက် ၇၅ဝဝဝ ကျပ်တို့ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။ ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့် ရက်အား စနစ်မှအလို အလျောက် သတ်မှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် Green Channel ဖြင့် လျှောက်ထားသူများအတွက်ကိုမူ စနစ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား ထုတ်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ရုံးသို့လာရောက်ရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Green Channel သည် အရေးကြီး/ အရေးပေါ်ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများ အတွက် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခင် Online Booking စနစ်ဖြင့် ရယူထားသောရက်ချိန်းများကို ပယ်ဖျက်မည်ဖြစ်သည့်အတွက် Online Appointment System အသစ်ဖြင့် ရက်ချိန်းအသစ်ပြန်လည်ရယူရမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ကအသိပေးထားသည်။

zawgyi version

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားခအျဖစ္ ေငြက်ပ္(၃၅ဝဝဝ)က်သင့္မည္ျဖစ္ၿပီး အြန္လိုင္းေငြေပးေခ်မႈစနစ္ျဖင့္ျပဳလုပ္ရမည္

ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၂၃

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားခအျဖစ္ ေငြက်ပ္ (၃၅ဝဝဝ) က်သင့္မည္ျဖစ္ၿပီး အြန္လိုင္းေငြေပးေခ်မႈစနစ္ျဖင့္ ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕က အသိေပးေၾကညာထားသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္မ်ားေလွ်ာက္ထားျခင္းအတြက္ Online Appointment System ျဖင့္ ရက္ခ်ိန္းရယူျခင္းကို ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္မွစတင္ကာ www.passport.gov.mm ဝက္ဆိုဒ္သို႔ ဝင္ေရာက္ ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ေငြေပးသြင္းျခင္းကို KBZ-Pay ျဖင့္ေသာ္လည္းေကာင္း၊ ျမန္မာႏိုင္ငံဘဏ္မ်ားအားလုံး၏ MPU ဘဏ္ကတ္ျဖင့္ လည္းေကာင္း ေပးေခ်ႏိုင္ေၾကာင္းသိရသည္။ သို႔ရာတြင္ MPU ဘဏ္ကတ္သည္ E-commerce အသုံး ျပဳရန္ သက္ဆိုင္ရာဘဏ္တြင္ ေလွ်ာက္ထားၿပီးသည့္ ဘဏ္ကတ္ျဖစ္ရမည္ျဖစ္ေၾကာင္းသိရသည္။

ေလွ်ာက္ထားသူအမ်ိဳးအစားအလိုက္ အသစ္ေလွ်ာက္ႏွင့္ သက္တမ္းတိုးအတြက္ ၃၅ဝဝဝ က်ပ္၊ ေပ်ာက္ ဆုံး/ပ်က္စီးအတြက္ ၇၅ဝဝဝ က်ပ္တို႔ ေပးသြင္းရမည္ျဖစ္ေၾကာင္းသိရသည္။ ေငြေပးေခ်ၿပီးသည္ႏွင့္ ပုံမွန္ရက္ခ်ိန္းရယူသူမ်ားကို ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးသို႔ လာေရာက္ရမည့္ ရက္အား စနစ္မွအလို အေလ်ာက္ သတ္မွတ္ေပးမည္ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ Green Channel ျဖင့္ ေလွ်ာက္ထားသူမ်ားအတြက္ကိုမူ စနစ္မွ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးသို႔ လာေရာက္ရမည့္ရက္အား ထုတ္ေပးမည္မဟုတ္ဘဲ သက္ဆိုင္ရာျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ ႐ုံးသို႔လာေရာက္ရမည့္ရက္ကို သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

Green Channel သည္ အေရးႀကီး/ အေရးေပၚကိစၥရပ္မ်ားျဖင့္ ျပည္ပသို႔ အခ်ိန္မီ သြားေရာက္ရန္ လိုအပ္သူမ်ား အတြက္ ႏိုင္ငံကူးလက္မွတ္ အျမန္ထုတ္ယူရရွိရန္ စီစဥ္ထားျခင္း ျဖစ္သည္။

ယခင္ Online Booking စနစ္ျဖင့္ ရယူထားေသာရက္ခ်ိန္းမ်ားကို ပယ္ဖ်က္မည္ျဖစ္သည့္အတြက္ Online Appointment System အသစ္ျဖင့္ ရက္ခ်ိန္းအသစ္ျပန္လည္ရယူရမည္ျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရးအဖြဲ႕ကအသိေပးထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်တွေ၌ သမီးရည်းစားချိန်းတွေ့စဉ် လုယက်မှုဖြစ်ပွားရာ ယောကျာ်းလေးဖြစ်သူ ဓားထိုးခံရပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved