Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးကို ကူညီပေးနိုင်ဖို့ စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်လိုက်ကြောင်း အမေရိကန်အစိုးရပြော

ဂျန်ဇက် (NSS) - အောက်တိုဘာ ၉

အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမက်စ်ကြား စစ်ပွဲများစတင်ဖြစ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ ၎င်းရဲ့မဟာမိတ် အစ္စရေးကို စစ်ရေးအရကူညီထောက်ပံ့ပေးဖို့ စီစဉ်နေရာ အစ္စရေး နိုင်ငံအနီးကို စစ်သင်္ဘောတွေ နဲ့ တိုက်လေယာဉ်တွေ စေလွှတ်လိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အမေရိကန်ကာကွယ်ရေးဝန်ကြီးက အစ္စရေးနိုင်ငံအပေါ် အားပေးထောက်ခံကြောင်းပြသဖို့ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ စေလွှတ်လိုက်ကြောင်း ဆိုပါတယ်။ ဟားမက်စ်အဖွဲ့ကတော့ အစ္စရေးနိုင်ငံနဲ့အနီးစပ်ဆုံးနေရာတွေကို စစ်သင်္ဘောတွေ နဲ့ တိုက်လေယာဉ်တွေစေလွှတ်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချထားပြီး ပါလက်စတိုင်းပြည်သူတွေအပေါ် ရန်လိုတဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမက်စ်အုပ်စုဟာ အစ္စရေးနိုင်ငံအပေါ် အောက်တိုဘာလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၉ ရက်)၊ နံနက်ပိုင်းအထိ အစ္စရေးနိုင်ငံသား ၇၀၀ ကျော်အပါအဝင် လူပေါင်း ၁၁၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ USS Gerald R. Ford အမည်ရှိ လေယာဉ်တင်သင်္ဘောအုပ်စုကို အစ္စရေးနဲ့အနီးစပ်ဆုံးနေရာဖြစ်တဲ့ မြေထဲပင်လယ်အရှေ့ဘက်ပိုင်းကို စေလွှတ်ထားကြောင်းသိရပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘောအုပ်စုထဲမှာ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောလေးစင်း၊ ပဲ့ထိန်းဒုံးကျည်များပစ်လွှတ်နိုင်တဲ့ စစ်သင်္ဘောတွေနဲ့ တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်းသိရပါတယ်။ 

ဒါ့ပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်လေတပ်တပ်ဖွဲ့ရဲ့ အဓိကတိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ F-35 တိုက်လေယာဉ်၊ F-15 တိုက်လေယာဉ်တွေ၊  F-16 တိုက်လေယာဉ်တွေနဲ့  A-10 အမျိုးအစားတိုက်လေယာဉ်တွေကို အစ္စရေးနိုင်ငံရဲ့အနီးစပ်ဆုံးနေရာကို စေလွှတ်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို ခဲယမ်းမီးကျောက်များ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူးမြို့၌ရေကြီးရေလျှံနေမှုကြောင့် ရန်ကုန်-မော်လမြိုင် နှင့် မန္တလေး ရထားခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းထား

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved