ဘန်ကောက်ရှော့ပင်းမောတွင်ဖြစ်ပွားသော ပစ်ခတ်အတွင်း သေဆုံးခဲ့သော မြန်မာအမျိုးသမီး၏ မိခင်ဖြစ်သူက ကျူးလွန်ခဲ့သူ၏ ဖခင်ဖြစ်သူ တောင်းပန်မှုကိုလက်ခံပြီး ခွင့်လွှတ်ကြောင်း ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၈
ထိုင်းနိုင်ငံဘန်ကောက်မြို့ Siam Paragon ရှော့ပင်းမောအတွင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော မြန်မာအမျိုးသမီး၏ မိခင်ဖြစ်သူက ပစ်ခတ်မှုကျူးလွန်ခဲ့သူ အသက် ၁၄ နှစ်အရွယ်ရှိ ထိုင်းလူငယ်၏ မိဘများ၏ ပြန်တောင်းပန်မှုကို လက်ခံရရှိပြီး ခွင့်လွှတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြထားသည်။
အောက်တိုဘာလ ၃ ရက်က အဆိုပါရှော့ပင်းမောတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ Zhao Jinnan အမည်ရှိ တရုတ် ခရီးသွားအမျိုးသမီးတစ်ဦးနှင့်အတူ အသက် ၃၁ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မမိုးမြင့် သေဆုံးခဲ့ရသည်။
ရှော့ပင်းမောတွင် အလုပ်လုပ်နေသော မမိုးမြင့်၏ ဈာပနာအခမ်းအနားကို ယနေ့ အောက်တိုဘာ ၈ ရက်တွင် နွန်သာဘူရီပြည်နယ်ရှိ Phasukmanijak ဘုရားကျောင်းတွင်ပြုလုပ်ခဲ့ရာ မမိုးမြင့်၏ မိခင်ဖြစ်သူ နှင့် ပစ်ခတ်မှုကျူးလွန်သော ထိုင်းလူငယ်၏ ဖခင်ဖြစ်သူတို့ တွေ့ဆုံခဲ့ကြောင်း ထိုင်းလူငယ်၏ ဖခင်ဖြစ်သူသည် သားဖြစ်သူ၏ လုပ်ရပ်များအတွက် မမိုးမြင့်၏ မိခင်ဖြစ်သူ ဒေါ်ခင်ဝင်းကို ဒူးထောက်ကာ တောင်းပန်ခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ဒေါ်ခင်ဝင်းက ၎င်းအနေဖြင့် ဝမ်းနည်းပူဆွေးမှုများကို ရင်ဆိုင်ရန်ခက်ခဲသော်လည်း ထိုင်းလူငယ်၏ ဖခင်ဖြစ်သူ တောင်းပန်မှုကို လက်ခံကြောင်း၊ ခွင့်လွှတ်ကြောင်း၊ အဆိုပါအဖြစ်အပျက်သည် ဖခင်ဖြစ်သူ၏ အမှားမဟုတ်ဘဲ သားဖြစ်သူ ကျူးလွန်သောအမှားဖြစ်ကြောင်း တုံ့ပြန်ပြောခဲ့သည်။
ဒေါ်ခင်ဝင်းသည် ထိုင်းလူငယ်၏ဖခင်ဖြစ်သူပေးသည့် ငွေကြေးများထည့်ထားသော စာအိတ်ကိုလက်ခံရန် ငြင်းဆန် ခဲ့ကြောင်း၊ အဆိုပါငွေကြေးများသည် သမီးဖြစ်သူနေရာတွင် အစားထိုးလို့ မရနိုင်ကြောင်း၊ တုံပြန်ပြောဆိုခဲ့သည်။
ထိုင်းလူငယ်၏ ဖခင်ဖြစ်သူက မမိုးမြင့် သေဆုံးမှုနှင့်ပတ်သက်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ယူပြီး အကောင်းဆုံးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
တရုတ်ခရီးသွားအမျိုးသမီးသည် အသက် ၅ နှစ်အရွယ်ရှိ ကလေးအမြွာ၏ မိခင်တစ်ဦးဖြစ်ပြီး ၎င်း၏ ဈာပနာကို တရုတ်နိုင်ငံတွင် ပြန်လည်ကျင်းပနိုင်ရန်အတွက် ရုပ်အလောင်းပြန်သယ်ယူရန် သံရုံးနှင့် ဆွေးနွေးတိုင်ပင်နေကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာအမျိုးသမီး နှင့် တရုတ်အမျိုးသမီးတို့သည် ထိုင်းအစိုးရ နှင့် ရှော့ပင်းမောပိုင်ရှင်တို့၏ ကူညီထောက်ပံ့ပေးမှုအဖြစ် တစ်ဦးကို ထိုင်းဘတ် ၆ ဒသမ ၂ သန်းကျော် လက်ခံရရှိဖွယ်ရှိနေကြောင်း ထိုင်းသတင်းက ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရဲ့စက်မှုလုပ်ငန်းတွေဟာ ၂ဝ၂၄ ခုနှစ်ကနေ ၂ဝ၂၇ ခုနှစ်အတွင်း (၆ ဒသမ ၅) ရာခိုင်နှုန်း တိုးတက်လာဖွယ်ရှိနေဟု ခန့်မှန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ