Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး-ပါလက်စတိုင်း စစ်ပွဲဖြစ်ပွားနေပြီး တစ်ရက်တည်း နှစ်ဖက်စလုံး၌ လူရာချီ အသီးသီး သေဆုံး

Htay Oung (NSS) - အောက်တိုဘာ ၈

စနေနေ့ (အောက်တိုဘာလ ၇ ရက်)နံနက် ဂါဇာကမ်းမြှောင်ဒေသရှိ ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွတို့ဟာ အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်ပေါင်း ထောင်ချီပစ်လွှတ်ခဲ့ပါတယ်။ ဟားမတ်စ်တို့ဟာ ကုန်းကြောင်း ရေကြောင်း သာမက “ပါရာ ဂလိုက်ဒါ" ခေါ် လေဟုန်စီး ပဲ့ထိန်းလေထီးများကို အသုံးပြု၀င်ရောက်လာပြီး အံ့အားသင့်ဖွယ် ရုတ်တရက် တိုက်ခိုက်လာတာကြောင့် အစ္စရေးနိုင်ငံ စစ်ပြုခံနေရပြီဖြစ်ကြောင်း ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကြေညာတယ်လို့ CNN က ရေးသားပါတယ်။


ဂါဇာကမ်းမြှောင်ဒေသဟာ မြေထဲပင်လယ် အရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ရှိပြီး ၁၉၆၇ ခုနှစ် စစ်ပွဲအပြီး အနိုင်ရရှိသူ အစ္စရေးတို့က ပါလက်စတိုင်းတို့အတွက် သတ်မှတ်ပေးထားတဲ့ နယ်မြေနှစ်ခုအနက် တစ်ခုဖြစ်ပါတယ်။ ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြှောင်ဒေသနဲ့ အလယ်မှာ အစ္စရေးပိုင်နက်တစ်ခုလုံး ခြားနားပြီး ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာလည်း နေထိုင်ကြတယ်။ အနောက်ဘက်ကမ်းထက် အကျယ်အ၀န်းအားဖြင့် ပိုမိုသေးငယ်တဲ့ ဂါဇာနယ်မြေမှာ ပါလက်စတိုင်း (၂)သန်းခန့် နေထိုင်လျက်ရှိပါတယ်။

အစ္စရေးတို့ သိမ်းပိုက်ခံရကတည်းက အဲဒီနယ်မြေနှစ်ခုစလုံးဟာ ပါလက်စတိုင်းအာဏာပိုင်များရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံအဖြစ်တည်ရှိခဲ့ပေမယ့် နောက်ဆုံးကျင်းပတဲ့ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲအပြီး သဘောထားတင်း မာသူ ဟားမတ်စ်တို့က ချုပ်ကိုင်လာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဂါဇာကမ်းမြှောင်ဟာ အစ္စရေးတို့ရဲ့ ကြည်း-ရေ-လေ တင်းကြပ်ပိတ်ဆို့မှုအောက် ရောက်ရှိသွားခဲ့ပြီး နယ်မြေများအတွင်း လူနဲ့ ကုန်ပစ္စည်းများ ၀င်ထွက်ခြင်းကို တားဆီးထားပါတယ်။ ဂါဇာတောင်ပိုင်း ရာဖာဒေသနယ်စပ်ဂိတ်များကိုတော့ အီဂျစ်စစ်တပ်က ထိန်းချုပ်ထားပါတယ်။ 

အစ္စရေးမှာ လူ ၃၀၀ ထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ဂျေရုဆလင် တာဝန်ရှိသူများက ပြောပါတယ်။ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စနေနေ့ညနေပိုင်းမှာ တဲလ်အဗစ် မြိုနဲ့ အခြားနေရာများမှာ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဂါဇာဒေသ ပါလက်စတိုင်းတို့ဘက်မှာ ၂၃၂ ဦးထက်မနည်း သေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံ့နယ်မြေအတွင်း ဟားမတ်စ်သေနတ်သမားများနဲ့ အစ္စရေးတပ်များက တိုက်ခိုက်နေချိန်မှာ ဂါဇာနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့နေပါတယ်။

ဗွီဒီယိုများအရ အစ္စရေးစစ်သားနဲ့ အရပ်သားအတော်များများကို ဖမ်းဆီးရမိကြောင်း ဟားမတ်စ်တို့ရဲ့ ထုတ် ပြန်ရှင်းလင်းချက်ဟာ အစစ်အမှန်ဖြစ်တယ်လို့ CNN က အတည်ပြုနိုင်ပါတယ်။ ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း အစ္စရေးစစ်တပ်ကလည်း ဝန်ခံပါတယ်။ ဂါဇာကမ်းမြှောင်နဲ့ကပ်လျက် ဇီကင်မြေထဲပင်လယ်ကမ်းခြေမှာ စနေနေ့ ထိုးဖောက်၀င်ရောက် လာသူများကို အစ္စရေးရေတပ်က ချေမှုန်းလိုက်ကြောင်း၊ လူနေရပ်ကွက်အတွင်း ကျူးကျော် ၀င်ရောက်ရန် အားထုတ်တဲ့ အကြမ်းဖက်သမားတွေကို ရေကြောင်း-လေကြောင်းမှ တားဆီးလိုက်တယ်လို့ အစ္စရေးကာကွယ်ရေးတပ်မတော် IDF က ပြောပါတယ်။ 

ဟားမတ်စ်တို့ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာဒေသကို တိုက်ခိုက်နေစဉ် ပါလက်စတိုင်းအရပ်သားများအနေနဲ့ နေအိမ်အဆောက်အအုံများမှ ထွက်ခွာပြီး ဘေးကင်းလုံခြုံရာနေရာကို ရွှေ့ပြောင်းကြဖို့ IDF က တိုက်တွန်းပါတယ်။ ဂါဇာရှိအရပ်သားများအနေနဲ့ မြို့ဧရိယာတစ်ခုစီကို သွားရောက်ရမယ့် လမ်းညွှန် ဗီဒီယိုလေးခုကိုလည်း ပူးတွဲထုတ်ပြန်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟားမတ်စ်အကြမ်းဖက်အဖွဲ့က အသုံးပြုနေတဲ့ စစ်ဆင်ရေးကွပ်ကဲမှုစင်တာ ၃ ခုကိုလည်း အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးနိုင်ငံအတွင်း သေဆုံးသူဦးရေမှာ ၃၀၀ ထက်မနည်းအထိ မြင့်တက်လာခဲ့ပြီး အခြားလူပေါင်း ၁၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲများဟာ စနေနေ့ တစ်နေ့လုံးဖြစ်ပွားနေပြီး တနင်္ဂနွေ (ယနေ့) (အောက်တိုဘာလ ၈ ရက်) နံနက်အ ထိ ဂါဇာအနီးမြို့များမှာ သေနတ်သံများ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ အ လားတူ ပါလက်စတိုင်းတို့ရဲ့ အကြီးဆုံးနယ်မြေ အနောက်ဘက်ကမ်းမှ မွတ်စလင်ဘာသာ၀င်တို့ အထွဋ်အမြတ်ထားရာ အယ်လ်အက္ကာဆာဗလီဟာ ထိရှလွယ်တဲ့ ယခုဖြစ်ရပ်မှာ တစ်စုံတစ်ရာ ပေါက်ကွဲစေမယ့် စနက်တံသဖွယ် ဖြစ်လာပါတယ်။

အစ္စရေးနိုင်ငံကို တိုက်ခိုက်ရာမှာ အီရန်အနေနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း ရှိ-မရှိကို မပြောနိုင်သေးကြောင်း၊ အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးရန် စီစဉ်နေတယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက မှတ်ချက်ပေးပါတယ်။

ဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ ဟားမတ်စ်ကို ငွေကြေးထောက်ပံ့ပြီး လက်နက်တပ်ဆင်ပေးနေသူ အီရန်အနေနဲ့ တာ၀န်ယူ-တာဝန်ခံမှု ရှိစေရန် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

အမေရိကန်အကျဉ်းသားများအတွက် လဲလှယ်တဲ့အနေနဲ့ အီရန်ပိုင် ဒေါ်လာဘီလျံပေါင်းများစွာကို ဂျိုးဘိုင်ဒန်အစိုးရက ဖြေလျော့ပေးခဲ့ကြောင်း၊ အဲဒီကိစ္စတဲ့ပတ်သက်ပြီး မီဒီယာများရဲ့ ဝေဖန်ရေးသားချက်တို့ဟာ လုံး၀မှား ယွင်းနေကြောင်း၊ အဲဒီငွေကြေးတွေဟာ ယခုအစ္စရေးကို တိုက်ခိုက်ခြင်းနှင့် ဆက်နွယ်နိုင်ဖွယ်ရှိပေမယ့် အီရန်အစိုးရက ရရှိသွားမှာ မဟုတ်ကြောင်း၊ ယခုအချိန်အထိ မူလအတိုင်းရှိနေသေးပြီး အရာရှိက အနာဂတ် လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိက ဆက်လက်ပြောဆိုပါတယ်။

အမေရိကန်ဟာ အစ္စရေးနဲ့ အစဉ်တစ်စိုက် နီးကပ်တဲ့ စစ်ရေး ဆက်ဆံမှု ရှိနေပြီး ယခုနှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံကို နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အရေးကြီးဆုံး မဟာမိတ်အဖြစ် ဝါရှင်တန်က သတ်မှတ်ထားပါတယ်။

ဟားမတ်စ်တို့ရဲ့မမျှော်လင့်ပဲ တိုက်ခိုက်မှုဖြစ်ပြီးလျှင်ပြီးချင်း အစ္စရေးကို အကူအညီအသစ်များပေးအပ်မှာဖြစ်ကြောင်း အမေရိကန်အနေနဲ့ ကြေညာဖို့သင့်ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်မှာ ဥက္ကဋ္ဌ တစ်ယောက် တောင် မရွေးနိုင်သေးပဲ တစ်ကွဲတစ်ပြား ပြောဆိုနေတဲ့ ကွန်ဂရက်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

တိုက်ခိုက်ခံရတော့မှာဖြစ်ကြောင်း ထောက်လှမ်းရေးသတင်း ရရှိခဲ့ခြင်း ရှိ-မရှိ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကိုတော့ အစ္စရေးအနေနဲ့ အနီးကပ်ထောက်လှမ်းနေကြောင်း ယုံကြည်တယ်လို့ အိမ်ဖြူတော် အရာရှိက ပြန်လည်ဖြေဆိုပါတယ်။ တိုက်ခိုက်မှုအကြောင်း ကြိုတင်ခန့်မှန်းနိုင်လောက်အောင် အခြားနိုင်ငံတစ်ခုခုရဲ့ သတိပေး သို့မဟုတ် ညွှန်ပြချက်မျိုးကို ဝါရှင်တန်က မရရှိခဲ့ကြောင်း၊ နေ့ချင်းညချင်း ဆန်းဆန်းပြားပြား နည်းလမ်းမျိုးနဲ့ (တိုက်ခိုက်မယ့်) သတင်းမျိုးဆိုတာ အလွန်အမင်း ကွဲပြားချက်ရှိနိုင်ကြောင်း၊ ဒါပေမယ့် အဲဒီလို ဖြစ်နိုင်တယ်လို့ (ထောက်လှမ်းရေးသတင်းအရ) ကောက်ချက်ချလောက်အောင်အထိ မတွေ့ဖူးကြောင်း၊ အမေရိကန်အနေနဲ့ အစ္စရေးနဲ့ လုပ်ဖော်ကိုင်ဖက်များအတွက် ဒေသတွင်း ခြိမ်းခြောက်မှု ထောက်လှမ်းရေး သတင်းများကို အချိန်နဲ့ တစ်ပြေးညီ မျှဝေပေးလေ့ရှိတယ်လို့ ပြောပါတယ်။

စနေနေ့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုဟာ အစ္စရေးနဲ့ ဆော်ဒီအာရေးဗျတို့အကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဂျိုးဘိုင်ဒန်အစိုးရရဲ့ ကြိုးပမ်းမှုများကို ဖျက်ဆီးပစ်နိုင်ခြင်း ရှိ-မရှိ မေးခွန်းကိုတော့ ထင်မြင်ချက်ပေးဖို့ စောလွန်းပါတယ်လို့ အိမ်ဖြူတော်တာ၀န်ရှိသူက ပြန်လည်ဖြေဆိုပါတယ်။

ယနေ့ Reuters ရဲ့ သတင်းတစ်ပုဒ်မှာတော့ ဟားမတ်စ်တို့ရဲ့ ဘက်စုံ တိုက်ခိုက်တော့မယ့်အကြောင်း ကြိုတင်သတင်း မရရှိခြင်းအတွက် အစ္စရေးစစ်တပ်ဟာ မေးခွန်းထုတ်ခံနေရတယ်လို့ ရေးသားပါတယ်။

(ပါလက်စတိုင်း စစ်သွေးကြွ ဆွန်နီအစ္စလာမ် ဟားမတ်စ်တို့ကို ပထမဆုံး အကြီးအကျယ်ထောက်ပံ့သူမှာ ဆော်ဒီအာရေးဗျဖြစ်ပြီး အမေရိကန်၏ ဖိအားပေးမှုကြောင့်သာ ခုနှစ်တွင် ရပ်တံ့သွားခြင်းဖြစ်ပါတယ်။ လစ်ဟာသွားတဲ့နေရာကို အစားထိုး၀င်ရောက်လာသူက ရှီယိုက် အီရန်ဖြစ်ပြီး ရှီယိုက်မွတ်စလင် လက်ဘနွန် ပြည်သူ့စစ် ဟစ်ဇ်ဘိုလာမှတဆင့် လက်နက်ငွေကြေးထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆော်ဒီအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံများမှာ တစ်ဦးချင်း ပုဂ္ဂလိကထောက်ပံ့များဟာ ဟားမတ်စ် တို့ထံ စီး၀င်နေဆဲဖြစ်ပြီး၊ အကြွေး၀ယ်ကတ်ပြားအတု၊ ငွေစက္ကူအတု၊ လက်တင်အမေရိကနိုင်ငံများနဲ့ မူးယစ် ဆေးကုန်ကူးခြင်းတို့မှလည်း ၀င်ငွေရရှိနေကြောင်း သိရှိရပါတယ်။ သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်)

(CNN., 8 October 2023, “Israel says it is 'at war' after Hamas surprise attack” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လျှပ်စစ်သုံး မီးရထားစက်ခေါင်းများ ထုတ်လုပ်ရန်နှင့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများကို ပြန်လည်အသုံးပြုရန် တပ်ချုပ်တိုက်တွန်း

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved