Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အခြေခံစားကုန်ဖြစ်သော ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေဟုဆို

မျိုးကြီး (NSS) - အောက်တိုဘာ ၇

အခြေခံစားကုန်များဖြစ်သော ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်းတည် ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ဒုဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောသည်။


ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ဒုဝန်ကြီးချုပ်ဦးဝင်းရှိန်က ယမန် နေ့ (အောက်တိုဘာလ ၆ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်သော အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် မြန်မာ နိုင်ငံကုန်သည်စက်မှုအသင် ချုပ်၊ ဆန်စပါးအသင်းချုပ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း နစကမှပြောသည်။

လက်ရှိအနေအထားတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ကော်မတီဥက္ကဋ္ဌ ဦးဝင်းရှိန်က အသိပေးပြောကြားခဲ့သည်။

ဆန်နှင့် စားသုံးဆီသည် အဓိကစားသောက်ကုန်ပစ္စည်းဖြစ်သည့်အတွက် ဆန်ဈေးနှုန်းနှင့် ဆီဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆက်စပ်နေသော ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအပါအဝင် အခြားသောကော်မတီများနှင့်လည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရာ၌ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးသည် အရေးကြီးကြောင်းနှင့် ကောလဟာလသတင်းအမှားများကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းမဖြစ်စေရန်အတွက် ဖြန့်ဖြူးရောင်းချသူနှင့် ဝယ်ယူစားသုံးသူ နှစ်ဖက်လုံးက ထိန်းသိမ်းဆောင်ရွက်ရန်လိုသည်ဟု ဒုဝန်ကြီးချုပ်ဦးဝင်းရှိန်က ပြောသည်။

"ဆန်ဈေးကတော့ ဈေးနည်းနည်းပြန်ကျတယ်။ နောက်စားအုံးဆီလည်း နည်းနည်းပြန်ကျတာကို တွေ့ရတယ်။ ကြက်သွန်ဈေးလည်း နည်းနည်းတော့ ကျပါတယ်။ ဒါပေမယ့် အများကြီး ဈေးကျသွားမျိုးတော့ မဟုတ်ပါဘူး။ အရင်ကာလတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ကုန်ဈေးနှုန်းက ကြီးနေတဲ့အပိုင်းမှာ ရှိသေးတယ်လို့ ပြောလို့ရပါတယ်" ဟု မရမ်းကုန်းမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးက NSS ကို အသိပေးပြောကြားသည်။

ကုန်ဈေးနှုန်းတည်ငြိမ်းရေးနှင့် ထိန်းကျောင်းကြီးကြပ်နိုင်ရေးအတွက် တိုင်း၊ ပြည်နယ်အစိုးရများက ဆောင်ရွက်ရမည့်ကိစ္စများနှင့်ပတ်သက်၍လည်း ဆွေးနွေးညှိနှိုင်းသွားရန်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ကာလများအတွင်း၌ စားသုံးဆီဈေးနှုန်းအပါအဝင် အခြေခံစားကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေမှုများနှင့် ပတ်သက်၍ နစကဘက်က လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ နစကဘက်က ခေါ်ယူစစ်ဆေးအရေးယူမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ဈေးကွက်အတွင်းသို့ စားသုံးဆီများ အများအပြားဝင်ရောက်လာကာ သက်သာဈေးနှုန်းများဖြင့် ပြည်သူများကို ရောင်းချပေးမှုများရှိခဲ့သည်။

နစကမှ ယင်းကဲ့သို့ဆောင်ရွက်ခဲ့ခြင်းကြောင့် ဆန်၊ စားသုံးဆီအပါအဝင် အခြေခံစားကုန်များ အနည်းငယ်ကျဆင်းလာခဲ့သည်ကို တွေ့ရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပရောက် မြန်မာနိုင်ငံသားများရရှိသည့်လစာအပေါ် ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များကို ထုတ်ပြန်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved