Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများရရှိသည့်လစာအပေါ် ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များကို ထုတ်ပြန်

မျိုးကြီး (NSS) - အောက်တိုဘာ ၇

ပြည်ပရောက် မြန်မာနိုင်ငံများ ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။


မြန်မာနိုင်ငံ၏ ပြင်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် နိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာအပေါ် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်ထားဖြင့် တွက်ချက်ခြင်းနည်းလမ်း၊ ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း (၂)ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းနည်းလမ်း (၂)ရပ်အနက်မှ နည်းရာအခွန်ပမာဏဖြင့် ပေးဆောင်နိုင်ကြောင်း သိရသည်။

ပေးဆောင်ရမည့် လစာဝင်ငွေခွန်ပမာဏကို သိရှိနိုင်ရန်အတွက် https://www.ird.gov.mm ၏ Home Page ရှိ လစာဝင် ငွေခွန်တွက်ချက်ရန်(ပြည်ပနေနိုင်ငံသား) Menu link မှတစ်ဆင့် ဝင်ရောက်တွက်ချက်ကြည့်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

ထို့ပြင် လစာဝင်ငွေခွန်ဆောင်နိုင်ရန် စနစ်အတွင်းသို့ အချက်အလက်များထည့်သွင်းခြင်းကို သက်ဆိုင်ရာသံရုံးဝန်ထမ်းများ (သို့မဟုတ်) သက်ဆိုင်ရာအခွန်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စနစ်အတွင်းသို့ ထည့်သွင်းရန်လိုအပ်သည့်အချက်အလက်များသည် လစာဝင်ငွေခွန်ပေးဆောင်သူ၏ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ OWIC အမှတ်(သို့မဟုတ်) CDC/SIRB အမှတ်၊ နေရပ်လိပ်စာ စသည်တို့ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လစာဝင်ငွေခွန်ကို ရရှိသည့်နိုင်ငံခြားငွေအမျိုးအစားဖြင့်သာ ပေးဆောင်ရမည်ဖြစ်ပြီး သာမန်အားဖြင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးချိန်၌ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

သို့သော် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသူများအနေဖြင့် လစဉ်(သို့မဟုတ်) သုံးလတစ်ကြိမ် (သို့မဟုတ်) နှစ်စဉ် သက်ဆိုင်ရာသံရုံးတွင် ပေးဆောင်လိုပါကလည်း ပေးဆောင်နိုင်ကြောင်း သိရသည်။

ထိုသို့အခွန်ပေးဆောင်ပြီးပါက သက်ဆိုင်ရာသံရုံးမှ QR Code ပါဝင်သည့် အီလက်ထရောနစ်ငွေရပြေစာနှင့် ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေခွန်ပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ်တို့ကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းအား နစကအစိုးရက ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယ‌နေ့ အောက်တိုဘာလ(၇) ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved