Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါလက်စတိုင်းတို့၏ အယ်လ်အက္ကာဆာမုန်တိုင်း ထိုးစစ်သစ်နှင့် အစ္စရေးတစ်နိုင်ငံလုံး တိုက်ခိုက်ခံရ

Htay Oung (NSS) - အောက်တိုဘာ ၇

ဟားမတ်စ် စစ်သွေးကြွအုပ်စုဟာ မိမိတို့အပေါ် စစ်ပွဲစတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။ အဲဒီ စစ်ပွဲမှာ မိမိတို့သာ အနိုင်ရရှိမှာဖြစ်ကြောင်း ကြွေးကြော်လိုက်တယ်လို့ AP က ယ နေ့ ရေးသားပါတယ်။


ယနေ့ (အောက်တိုဘာလ ၇ ရက်) နံနက်ပိုင်း အစ္စရေးတောင်ပိုင်းနဲ့ အလယ်ပိုင်းဧရိယာကို ဒုံးကျည်များဖြင့် အံ့အားသင့်ဖွယ် တိုက်ခိုက်ခြင်းအားဖြင့် ဟားမတ်စ်တို့အနေနဲ့ မဟာအမှားကြီးတစ်ရပ်ကို ကျူးလွန်လိုက်ပြီလို့ တဲလ်အဗစ်မြို့ အစ္စရေးစစ်ဌာနချုပ် လုံခြုံရေးဆိုင်ရာ အစိုးရဝန်ကြီးများအဖွဲ့အစည်းအဝေးအပြီးမှာ ကာကွယ်ရေးဝန်ကြီး ယိုအတ်ဂယ်လန့် က သတိပေးလိုက်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသဟာ မြေထဲပင်လယ် အရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ရှိပြီး ၁၉၆၇-ခုနှစ် စစ်ပွဲအပြီး အနိုင်ရရှိသူ အစ္စတို့က ပါလက်စတိုင်းတို့အတွက် သတ်မှတ်ပေးထားတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ ၃၆၅ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိတဲ့ နယ်မြေမှာ ပါလက်စတိုင်း (၂)သန်းခန့် နေထိုင်လျက်ရှိပါတယ်။

ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြှောင်ဒေသနဲ့ အလယ်မှာ အစ္စရေးပိုင်နက်တစ်ခုလုံး ခြားနားပြီး ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာလည်း နေထိုင်ကြတယ်။ အစ္စရေးတို့ သိမ်းပိုက်ခံရကတည်းက အဲဒီနယ်မြေနှစ်ခုစလုံးဟာ နိုင်ငံအဖြစ် ပါလက်စတိုင်းအာဏာပိုင်များရဲ့ အုပ်ချုပ်မှုအောက်မှာ တည်ရှိခဲ့ပေမယ့် နောက်ဆုံးကျင်းပတဲ့ ရွေးကောက်ပွဲအပြီး သဘောထားတင်းမာသူ ဟားမတ်စ်တို့က ချုပ်ကိုင်လာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဂါဇာကမ်းမြှောင်ဟာ အစ္စရေးတို့ရဲ့ ကြည်း-ရေ-လေ  တင်းကြပ်ပိတ်ဆို့မှုအောက် ရောက်ရှိသွားခဲ့ပြီး နယ်မြေများ အတွင်း လူနဲ့ ကုန်ပစ္စည်းများ ၀င်ထွက်ခြင်းကို တားဆီးထားပါတယ်။   

ယခုနှစ်များအတွင်း ဂါဇာကို စိုးမိုးအုပ်ချုပ်နေတဲ့ စစ်သွေးကြွအုပ်စုနဲ့ အစ္စရေးတို့အကြား တင်းမာမှုများ အဆိုးရွားဆုံး အရှိန်မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ စနေနေ့(အောက် တိုဘာလ ၇ ရက်)မှာ ဂါဇာမှ  ဟားမတ်စ်သေနတ်သမားတွေဟာ နယ်စပ်စည်းရိုးမှ နေရာအနှံ့အပြားကို မယုံကြည်နိုင်လောက်အောင်ဖြတ်ကျော်ပြီး အစ္စရေးတောင်ပိုင်း လူနေ ဧရိယာအတွင်း ထိုးဖောက် ၀င်ရောက်လာခဲ့ပါတယ်။

တိုက်ခိုက်ရေးသမားတွေကို နယ်စပ်ဖြတ်ကျော် စေလွှတ်ထားပြီး အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်ထောင်aပါင်းများစွာနဲ့ ပစ်ခတ်ခြင်းအားဖြင့် “အယ်လ်အက္ကာဘာ “စစ်ဆင်ရေးသစ်ကို စတင်လိုက်ကြောင်း အာဏာရ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ က ကြေညာပါတယ်။

စစ်ပွဲ စတင်နေကြောင်း နိုင်ငံသားများကို အစ္စရေးစစ်တပ်က သတိပေးထားပြီး ဂါဇာရှိပစ်မှတ်များကို လက်တုံ့ ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကို ဝိုင်းပတ်တည်ရှိနေတဲ့ အာရပ်မွတ်စလင်တိုင်းပြည်များနဲ့ ဂျူးတို့ရဲ့ ခါးသီးသော ရန်ဘက်တို့အကြား စစ်ပွဲသစ် ဖြစ်လာနိုင်ခြေရှိတဲ့ အခင်းအကျင်းလည်း ဖြစ်ပါတယ်။ ဂါဇာမှ ဒုံးကျည်များ နဲ့ အဆက်မပြတ် ပစ်လွှတ်နေတဲ့အတွက် မြောက်ဘက် ဂျေရုဆလင်မြိုံအထိ အစ္စရေးတစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှုသတိပေး  ဥသြသံများနဲ့ ဆူညံနေပါတယ်။

ဂါဇာနဲ့ ကပ်လျက်တည်ရှိတဲ့ အစ္စရေးအနောက်ပိုင်း ဆီဒါရော့မြို့မှာ ယူနီဖောင်းဝတ် ပါလက်စတိုင်း သေနတ်သမားလို့ ယူဆရသူတွေရဲ့ ဓါတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံနေပြီး “ အလ္လာရှင်သာ အကြီးမြတ်ဆုံး” လို့ ကြွေးကြော်ရင်း သက်မဲ့ အစ္စရေးစစ်သားရဲ့ ရုပ်အလောင်းကို ဒေါသတကြီးနင်းချေနေကြတဲ့ ပါလက်စတိုင်းလူအုပ်ကြီးကိုလည်း တွေ့မြင်နေရပါတယ်။ မီးလောင်ကျွမ်းပြီး အစ္စရေးတင့်ကားတစ်စီးပေါ်မှာ ကခုန်နေတဲ့ ပါလက်စတိုင်းများ၊  အစ္စရေးစစ်သား တစ်ယောက်ကို ပါလက်စတိုင်းတို့က မော်တော်ဆိုင်ကယ်နောက်မြီးမှာ အသက်ရှင်လျက် ဒရွတ်တိုက် ဆွဲယူသွားပုံလည်း ပါ၀င်ပြီး ဗွီဒီယိုများရဲ့ စစ်မှန်မှုကိုတော့ AP အနေနဲ့ လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

မိမိဘက်က ဒုံးကျည် စင်းရေ ၅၀၀၀ ကျော် ပစ်လွှတ်ခဲ့ကြောင်း ဟားမတ်စ်စစ်ဘက်က ကြေညာထားပြီး ပါလက်စတိုင်း ပြည်သူတွေဟာ သူတို့ရဲ့ တော်လှန်ရေးကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း၊ အရှေ့ဘက် ဂျေရုဆလင်မှ အစ္စရေးမြောက်ပိုင်းအထိ ပါလက်စတိုင်း အားလုံးတို့အနေနဲ့ ကျူးကျော်သိမ်းပိုက်သူတွေကို မောင်းထုတ်ပြီး တံတိုင်းများကို ဖြိုဖျက်ခြင်းဖြင့် တိုက်ပွဲမှာ ပါဝင်ဆင်နွှဲကြရန် လှုံ့ဆော်လိုက်ပါတယ်။

အစ္စရေး ပြည်သူ ၂၂ ဦးကို သတ်ဖြတ်ခြင်းဖြင့် ဟားမတ်စ်တို့က စစ်စတင်လိုက်ပြီဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ကဲဘိနက်အစည်းအဝေးတစ်ရပ်ကို အရေးတကြီး ခေါ်ယူထားတယ်လို့ အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ 

တရားစီရင်ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်ရန် အစ္စရေးအစိုးရအဖွဲ့အတွင်း ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲနေပါတယ်။ အဲ့ဒီအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေဟာ အစ္စရေးစစ်တပ်အဆင့်အသီးသီး အတွင်းတိုင်အောင် ပျံ့နှံ့နေတဲ့အတွက် ယခုလို ကိုင်တွယ်ရန် အကဲဆတ်နေချိန် နေတန်ယာဟုရဲ့ လက်ယာ စွန်းအစိုးရအတွက်လည်း တင်းမာမှုများ ရှိနေပါတယ်။

ယခု စစ်ဆင်ရေးဟာ ပါလက်စတိုင်းမြေကို ကျူးကျော်သိမ်းပိုက်သူတို့ရဲ့ ရာဇ၀တ်မှုများအပေါ် တုံ့ပြန်မှု ဖြစ်ကြောင်း ပြည်ပရောက် ဟားမတ်စ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဂျေရုဆလင်ရှိ အယ်လ်အက္ကဆာ ဗလီကို တိုက်ခိုက်ရေးသမားများက ခုခံကာကွယ်နေပြီး ထောင်ချီတဲ့ ပါလက်စတိုင်းအကျဉ်းသားများကို အစ္စ္စရေးက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်ဟာ “ဆင်ခါတိုရာ” အရေးကြီး ဂျူးဘာသာရေးပွဲတော်ကာလမှာ ရန်သူတို့က အစ္စရေး အစောင့်အကြပ်များကို အလစ်အငိုက် ဖမ်းဆီးရာမှ အာရပ်-အစ္စရေး “ယွန်ကစ်ပူစစ်ပွဲ “ ဖြစ်ပွားရတဲ့ ၁၉၇၃-ခုနှစ်ကို ပြန်လည် အမှတ်ရစေပါတယ်။

အစ္စရေးတောင်ပိုင်း ဂါဇာနယ်စပ်အနီးရှိ နေရာအများအပြားတွင် စိမ့်ဝင်ထိုးဖောက်၀င်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း အစ္စရေးစစ်တပ်က စနေနေ့မှာ အတည်ပြုပါတယ်။ ဒေသတွင်း နေထိုင်သူအားလုံးတို့အနေနဲ့ မိမိတို့ အိမ်တွင်းမှာသာ နေထိုင်ကြရန် အမိန့်ထုတ်ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသအနီးရှိ လမ်းများကို စစ်တပ်က ပိတ်ထားစဉ် အစ္စရေးတောင်ပိုင်းမြို့ရွာများမှာ အသွားအလာ မတွေ့ရပဲ ဖြစ်နေပါတယ်။ လေကြောင်း သတ်ိပေးဥသြသံများ ထွက်ပေါ်နေချိန်မှာ အစ္စရေးသန်းပေါင်းများစွာ တို့ဟာ ဗုံးခိုကျင်း အမိုးအကာများဆီကို အပြေးအလွှားသွားရောက်နေကြပါတယ်။ 

(AP., 7 October 2023,” Hamas militant group has started a war that ‘Israel will win,’ defense minister says” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟားခါးမြို့နယ်၌ နေအိမ်ရေမလာသဖြင့် သွားရောက်စစ်ဆေးသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved