ဟားခါးမြို့နယ်၌ နေအိမ်ရေမလာသဖြင့် သွားရောက်စစ်ဆေးသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
NSS - အောက်တိုဘာ ၇
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်ရေမလာသဖြင့်သွားရောက်စစ်ဆေးရာမှ လက်လုပ်မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ရာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၄ ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် ဟားခါးမြို့ နယ်၊ ချွန်ကျုံးကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးလာလ်ကျန်းသည် ၎င်း၏နေအိမ်သို့သွယ်တန်းထားသည့် ရေပိုက်မှ ရေမလာသဖြင့် ရွာအပြင်သို့ သွားရောက်စစ်ဆေးနေစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် ဦးလာလ်ကျန်း(၃၅)နှစ်တွင် ယာခြေကျင်းဝတ်ပြတ်ဒဏ်ရာနှင့် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသရန် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
လက်လုပ်မိုင်းထောင်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြေခံစားကုန်ဖြစ်သော ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေဟုဆို
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ