Digital Museum ကို အမြန်ဆုံး ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်ရန် ဒုဝန်ကြီး တိုက်တွန်း
Pearl (NSS) - အောက်တိုဘာ ၆
Digital Museum ကို အမြန်ဆုံး ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တိုက်တွန်း ပြောကြားထားသည်။
ယမန်နေ့ (အောက်တိုဘာ ၅ ရက်)၊ အမျိုးသားပြတိုက် (နေပြည်တော်) တွင် ကျင်းပသော Web Design and Management for Digital Museum ရေးသားနည်းသင်တန်းတွင် ဒုတိယဝန်ကြီးက အထက်ပါကဲ့သို့ တိုက်တွန်း ပြောခဲ့ခြင်းဖြစ်သည်။
ရှေ့ဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနက Digital Museum စနစ်အား အကောင်အထည်ဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါဌာနတွင် အမျိုးသားပြတိုက်၊ ရှေ့ဟောင်းသုတေသနပြတိုက်၊ အထိမ်းအမှတ်ပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်ဟူ၍ ပြတိုက်အမျိုးအစား(၅)မျိုးရှိပြီး ပြတိုက်စုစုပေါင်း (၃၂)ခု ရှိကြောင်း သိရသည်။
အဆိုပါပြတိုက်များအနက် အမျိုးသားပြတိုက် (နေပြည်တော်၊ ရန်ကုန်) ၊ မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ယဉ် ကျေးမှုပြတိုက်၊ ပုဂံရှေ့ဟောင်းသုတေသနပြတိုက်၊ ပဲခူးဟံသာဝတီရှေ့ဟောင်း သုတေသနပြတိုက်၊ ဗိဿနိုး ရှေ့ဟောင်းသုတေသန ပြတိုက်တို့၏ Website ရေးဆွဲရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ Website ရေးဆွဲရေးများ ဆောင်ရွက်ပြီးစီးသည့်အခါတွင် သက်ဆိုင်ရာပြတိုက်များတွင် Online Server ၊ Offline Server များထားရှိ၍ Touch Screen များဖြင့်ထားရှိ၍ QR Code များထားရှိ၍ အများပြည်သူ လွယ်ကူစွာ လေ့လာနိုင်ရန် ဆောင်ရွက်ထားရန်လိုကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
အလားတူ Online Serverဖြစ်သော ဌာန၏ Website နှင့် ချိတ်ဆက်၍ ပြတိုက်များကို မိမိရောက်ရှိရာနေရာတွင် လေ့လာကြည့်ရှုနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောထားသည်။
ထို့အပြင် ပြည်တွင်းဧည့်သည်များသာမက နိုင်ငံတကာမှ စိတ်ဝင်စားသူများက မိမိနိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များအကြောင်းကို လေ့လာသိရှိနိုင်စေရေးအတွက် Digital Museum ကို အမြန်ဆုံး ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။
Digital Museum အကောင်အထည်ဖော် ဆောင်ရွက်ရန် ပထမအဆင့်အနေဖြင့် ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ မှော်ဇာ ကျေးရွာတွင်ရှိသော သီရိခေတ္တရာ ပြတိုက်ကို Digital Museum အဖြစ် ဆောင်ရွက်ခဲ့ရာ ၉ဝ ရာခိုင်နှုန်း ဆောင်ရွက် ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပျဉ်းမနားမြို့ ဆင်ဖြူတောင်၌ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား (၂)ဦး သေဆုံး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း