ကညန မှာ EV မော်တော်ယာဉ်အစီးရေ (၉ဝဝ) ကျော် မှတ်ပုံတင်ထား
NSS - အောက်တိုဘာ ၆
၂ဝ၂၃ ခုနှစ် (၉) လတာအတွင်း ပြည်တွင်း၌ EV မော်တော်ယာဉ်အစီးရေ (၉၁၈) စီး မှတ်ပုံတင်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ လူစီး EV မော်တော်ယာဉ် (၉၁၆) စီးနှင့် ကုန်တင်ယာဉ် (ဝန်ပေါ့) (၂) စီး တို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“EV ကားသစ်တွေက ဆီကား ဈေးနဲ့မကွာတော့ ဝယ်ချင်တဲ့သူ အရမ်းများတယ်။ ကညနမှာလိုင်စင်ဝင်တဲ့ ကားတွေ အားလုံးဈေးကွက်ထဲ ရောက်လာပေမယ့် ကားဈေးက မကျသေးဘူး။ ကားလိုအပ်ချက်ရှိတော့ ကား ဈေးမကျ တဲ့သဘောပါ” ဟု ဝါရင့်ကား ဝယ်အရောင်းသမားတစ်ဦးက ပြောသည်။
EV ကားအမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၉ဝဝ) ကျော်မှ ကျပ်သိန်း (၂ဝဝဝ) ကျော်အထိ ပေါက်ဈေးရှိနေပြီး ပြည်တွင်းသို့ EV ကားများ ဆက်တိုက်ဝင်လာသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးကြောင်း EV ကားဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်း၌ စက်တင်ဘာလအထိ မှတ်ပုံတင်ထားသည့် EV ယာဉ်အမျိုးအမျိုး (၃ဝ၆၅) စီး ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ EV ယာဉ်များကို အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တင်သွင်းထားခြင်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေးစွန်ပါသာသနာ့နယ်မြေမဟုတ်သည့် သစ်တောဌာနပိုင်မြေပေါ်၌ ခွင့်ပြုချက်မရှိဘဲ တည်ထားကိုးကွယ်သော သာသနာ့အဆောက်အဦးများကို ပိုင်ရှင်မှ ဖယ်ရှားရှင်းလင်း
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း