ဇနီးဖြစ်သူ၏ လိင်အင်္ဂါထဲသို့ ဗြောက်အိုးထိုးထည့်ခဲ့သည့် ယူကရိန်းနိုင်ငံသားကို ဖမ်းဆီးခဲ့ကြောင်း ချက်ရဲတပ်ဖွဲ့ပြော
Pika (NSS) - အောက်တိုဘာ ၅
ချက်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသော အသက်(၃၆)နှစ်အရွယ် ယူကရိန်းအမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးဖြစ်သူ လိင်အင်္ဂါထဲသို့ ဗြောက်အိုးထိုးထည့်ကာ ဖောက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
Pilsen ဒေသရှိ ရဲတပ်ဖွဲ့သည် Aleksandr S. ဟု အမည်ရသော ယူကရိန်းနိုင်ငံသားကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိစေသည့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် စွဲချက်တင်ထားကြောင်း ချက်နိုင်ငံထုတ် Krimi-Plzen သတင်းစာ က ဖော်ပြခဲ့သည်။
အဆိုပါ ယူကရိန်းနိုင်ငံသားသည် ၎င်း၏ ဇနီးဖြစ်သူကို ရိုက်နှက်ခဲ့ပြီးနောက် မိန်းမလိင်အင်္ဂါထဲသို့ ဗြောက်အိုး ထိုးထည့်ကာ ဖောက်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရသည်။ အဆိုပါလုပ်ရပ်ကြောင့် ဇနီးဖြစ်သူ၏ လိင်အင်္ဂါတွင် ထိခိုက်ဒဏ်ရာများ သိသိသာသာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် Prague မြို့အနောက်ဖက်တွင်ရှိသော Kozlany ရွာရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် အဆိုပါအမျိုးသမီး၏ အမည်ကို ဖော်ပြထားခြင်းမျိုးမရှိသော်လည်း ၎င်း သည် မော်လ်ဒိုဗာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗြောက်အိုးပေါက်ကွဲပြီးနောက် အဆိုပါအမျိုးသမီးသည် အတွင်းပိုင်းဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး သွေးများ ထွက်လာခဲ့ကြောင်း Krimi-Plzen က ဖော်ပြခဲ့သည်။ Aleksandr S ဟု အမည်ရသော အမျိုးသားသည် ၎င်း၏ ဇနီးဖြစ်သူကို Pilsen မြို့ရှိ Lochotin University Hospital သို့ ကားဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Krimi-Plzen သတင်းစာတွင် "အဲဒီအမျိုးသမီးဟာ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ ကုသမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ သူမ အသက်ရှင်ခဲ့မယ်ဆိုရင်တောင် ဒီဒဏ်ရာရဲ့အကျိုးဆက်တွေကို တစ်သက်လုံးခံစားသွားရမှာပါ" ဟု ဖော်ပြထားသည်။
အဆိုပါအမျိုးသမီး၏ ဒဏ်ရာများမှာ ဝမ်းဗိုက်ကို ထိုးခံရခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု Aleksandr S က ဆရာဝန်များကို ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဆေးရုံဝန်ထမ်းများသည် ၎င်း၏ ပြောဆိုချက်များကို ယုံကြည်မှုမရှိခြင်းကြောင့် အာဏာပိုင်များကို ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြစ်မှုထင်ရှားပါက Aleksandr S သည် ထောင်ဒဏ်(၁ဝ)နှစ် ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၅ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ