အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး လူ(၁၄)ဦးသေဆုံးကာ အခြားလူ(၁ဝ၂)ဦး ပျောက်ဆုံးနေ
Pika (NSS) - အောက်တိုဘာ ၅
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောင်ကြားချိုင့်ဝှမ်းဒေသတစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှု များကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ပြီး စစ်သား(၂၂)ဦး အပါအဝင် အခြားလူ(၁ဝ၂)ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများကြောင့် လူပေါင်း(၂၂ဝဝဝ)ခန့် ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက"Teesta မြစ်မှာ ရေလျှံမှုတွေနဲ့အတူ ကားလမ်းတွေ၊တံတားတွေကို ရေလွှမ်းခဲ့ပါတယ်။ လမ်းတွေလည်း ပျက်စီးခဲ့ပြီး တံတားတွေလည်း ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
ရေကြီးမှုများကြောင့် အောက်တိုဘာလ(၅)ရက် အစောပိုင်းအထိ လူပေါင်း(၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားလူ (၁ဝ၂)ဦး ပျောက်ဆုံးနေကြောင်း Sikkim ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့ သည်။
ထို့အပြင် ရေကြီးမှုများကြောင့် တံတား(၁၁)စင်းလည်း ရေစီးနှင့်မျောပါသွားခဲ့ကြောင်း အဆိုပါအေဂျင်စီက ထပ်မံ ပြောကြားခဲ့သည်။ ရေကြီးမှုများကြောင့် နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့ပြီး စစ်အခြေစိုက်စခန်းနှင့် အခြား အဆောက်အဦးများ ထိခိုက်ပျက်စီးကာ စစ်ယာဉ်များ ရေနစ်မြုပ်သွားသည်ကို ANI သတင်းဌာနတွင် တင်ထားသော ဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။
လာမည့်နှစ်ရက်အတွင်း Sikkim ပြည်နယ်ရှိ နေရာအများအပြားနှင့် အခြားပြည်နယ်များတွင် မိုးဆက်လက် ရွာသွန်းနိုင်ဖွယ်ရှိသောကြောင့် မြေပြိုမှုများနှင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။ ပြီးခဲ့သည့်လများအတွင်း အိန္ဒိယနိုင်ငံ၏ တောင်တန်းဒေသများနှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ နှင့် နီပေါနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချန်ပီယံလိဂ်နိုင်ပွဲ(၁ဝ၃)ပွဲ ရယူနိုင်ပြီးနောက် နိုင်ပွဲ(၁ဝ၂)ပွဲရရှိထားတဲ့ ဂန္တဝင်နည်းပြ ဖာဂူဆန်ကို ကျော်တက်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း