မူဆယ်နယ်စပ်တွင် ပြည်ဝင်ခွင့်ရရှိရန် လာရောက်စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားဦးရေ(၅၀၀၀)ကျော်ထိရှိနေ
သန့်ဇင် (NSS) - အောက်တိုဘာ ၆
တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ်နယ်စပ်ဖြတ်သန်းရေးဂိတ်တွင် ရွှေလီဘက်သို့သွားရောက်ရန်စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား(၅၀၀၀)ကျော်ထိရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
မူဆယ်-ရွှေလီ ဝင်ထွက်ခွင့် တစ်ခါသုံး TBP ကတ်ကို စက်တင်ဘာလ ၄ ရက်မှစတင်ကာပြန်လည်ပြုလုပ်ပေးခဲ့ရာ လက်ရှိအချိန်တွင် တရုတ်ပြည်၊ ရွှေလီဘက်ခြမ်းသို့ သွားရောက်လိုသူအရေအတွက် များပြားနေကြောင်း သိရသည်။
“ဒီနေ့ (၅)ရက်နေ့တစ်ရက်တည်းကိုပဲ တန်းစီစောင့်နေတဲ့လူက (၂၀၀၀)ကျော်(၃၀၀၀)နီးပါးထိရှိတယ်ပေါ့နော်။ တကယ်တမ်းသွားဖို့ စောင့်နေတဲ့လူကတော့ (၅၀၀၀)ကျော်ထိရှိမယ်။ အများစုကတော့ အလုပ်လုပ်ဖို့ သွားကြတဲ့ လူတွေများတာပေါ့။ အချို့အနည်းစုကသာ မိသားစုတွေရှိလို့ အလည်အပတ်သွားကြတာပေါ့”ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
လက်ရှိအချိန်တွင် မူဆယ်မှ ရွှေလီဘက်သို့ (၆)ညအိပ် (၇)ရက် သွားရောက်ရန်အတွက် တစ်ခါးသုံးကတ်(TBP)များပြုလုပ်ရာတွင် စောင့်ဆိုင်သူများ၌ စရိတ်ကုန်ကျမှုများနှင့်ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
“ဂိတ်ကနေတစ်ရက်ကို လူ(၅၈၀)ဝင်ခွင့်ပြုတယ်။ အဲဒီထဲမှာ တုံကင်ရဖို့အတွက် တန်းစီစောင့်နေတာက လူပေါင်း(၃၀၀၀)နီးပါးထိရှိတယ်။ စောင့်နေရင်းကနေ မူးလဲသွားတဲ့လူတွေတောင်ရှိတယ်။ ဘယ်နေ့ဘယ်ရက်မှာ ပေးမယ်လို့အတိအကျမပြောထားတော့ လာစောင့် နေရတာ လူလဲပင်ပန်း။ ကုန်ကျစရိတ်ကလဲရှိတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ တုံကင်ရယူရန်စောင့်ဆိုင်းသူများအနက် နယ်ဝေးမှလာရောက်တန်းစီသူများလည်းရှိပြီး ၎င်းတို့အတွက် ခေတ္တတည်းခိုရေး အဆင်ပြေစေရန် မူဆယ်မြို့ရှိလူမှုကူညီရေးအသင်းများက ကူညီပေးနေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး လူ(၁၄)ဦးသေဆုံးကာ အခြားလူ(၁ဝ၂)ဦး ပျောက်ဆုံးနေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း