သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အမျိုးသား(၁)ဦး ခုန်ချမှုဖြစ်ပွား
စော (NSS) - အောက်တိုဘာ ၄
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက်(၄၀)ဝန်းကျင်ရှိ အမျိုးသား(၁)ဦး ခုန်ချခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်နေ့(အောက်တိုဘာလ ၃ရက်)၊ ညနေ(၆)နာရီဝန်းကျင်အချိန်၌ သင်္ယန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ငမိုးရိပ်တံတားပေါ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်1းဖြစ်ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။
“လူတစ်ယောက်ခုန်ချဖို့လုပ်နေတယ်ပေါ့။ တားပေးပါဆိုပြီး ကျွန်တော်တို့ကို လှမ်းဆက်တယ်။ ရောက်တော့ မိတ်ဖက်အဖွဲ့တွေ့ကလည်း ရောက်နေပြီ။ သူကတော့ ခုန်ချသွားပြီတဲ့ ကယ်တော့မကယ်လိုက်နိုင်ဘူး။ ပထမကတော့ အမျိုးသမီး(၁)ယောက် ခုန်ချတယ်လို့ကြားတာ။ ဟိုရောက်တော့ အသက်(၄၀)အရွယ် အမျိုးသားတစ်ယောက်ဖြစ်နေတယ်”ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် အင်္ကျီအဖြူနှင့် ပုဆိုးအကွက် ဝတ်ဆင်ထားပြီး ဘေးလွယ်အိတ်တစ်လုံးနှင့်အတူ ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားကြောင်း ၎င်းကပြောသည်။
လက်ရှိအချိန်အထိ သုဝဏ္ဏပရဟိတအသင်းဝင်များမှ ၎င်း၏မိသားစုဝင်များကို ရှာဖွေနေသော်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂၅)ရက်၊ ညနေ(၆)နာရီခန့်တွင် အဆိုပါ တံတားပေါ်မှ အသက်(၁၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Provider Purchaser Split စနစ်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ပူးပေါင်းဆောင်ရွက်ရန် လူမှုဖူလုံရေးအဖွဲ့ဖိတ်ခေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ