တာချီလိတ်မြို့၌ ငွေကျပ်သိန်း(၄၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်(၄၁၃၂ ဒသမ ၇)သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (၃ ဒသမ ၇၅၇)ကီလိုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါစိတ်ပြောင်းဆေးဝါးများကို အောက်တိုဘာလ ၁ ရက်၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကားဂိတ်သို့ ရဲမင်းလတ် (၃၂)နှစ် လာရောက်ပို့ဆောင်သည့် ပါဆယ်ထုတ်အတွင်းမှ ငွေကျပ်(၁၇၃၈)သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)အလေးချိန် ၁ ဒသမ ၅၈ ကီလိုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် ဆက်လက်စစ်ဆေးချက်အရ နေ့လည် ၁နာရီခွဲအချိန်တွင် ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်အား ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ငွေကျပ်(၂၃၉၄ ဒသမ ၇)သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂ ဒသမ ၁၇၇ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲမင်းလတ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များအားဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးတိုင်းရှိ မြေဧက (၄ဝဝ)နီးပါးတွင် အသေးစားစက်မှုဇုန် တည်ထောင်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ