နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံရဲ့အာဏာရှင်စနစ် အဆုံးသတ်တာတွေ့မြင်ရမယ်လို့ တောင်ကိုရီးယားစစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၄
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် ၎င်းတို့နိုင်ငံရဲ့ အာဏာရှင်အစိုးရစနစ် အဆုံးသတ်သွားခြင်းကိုတွေ့မြင်ရဖွယ်ရှိနေကြောင်း တောင်ကိုရီးယားအစိုးရ သတိပေး ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား စစ်ပွဲဖြစ်လာမယ်ဆိုရင် အမေရိကန်အစိုးရကလည်း တောင်ကိုရီးယားနိုင်ငံကို ကူညီထောက်ပံ့ပေးသွားဖွယ်ရှိနေကြောင်း တောင်ကိုရီးယားစစ်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့နျူကလီးယားလက်နက်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး မြောက်ကိုရိးယားနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် မူဝါဒပြောင်းလဲသွားဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက "တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်ဖို့ ပေါင်းစပ်လုပ်ဆောင်သွားမှာပါ။ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေ အသုံးပြုတိုက်ခိုက်လာမယ်ဆိုရင် သူတို့ရဲ့အာဏာရှင်စနစ် အဆုံးသတ်သွားမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်နစ်နာအောင် ခြိမ်းခြောက်နေတယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က နျူကလီးယားလက်နက်တွေဟာ စစ်ပွဲကို တားဆီးနိုင်အောင် ကူညီပေးမှာဖြစ်သလို ဒေသအတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားလက်နက်စွန့်လွှတ်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကတော့ အဆိုပါတောင်းဆိုချက်တွေကို ငြင်းဆန်ထားပြီး နျူကလီးယားထိပ်ဖူးများ ထုတ်လုပ်မှုပိုင်းကို အရှိန်မြင့်တင်သွားမယ်လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့၌ ငွေကျပ်သိန်း(၄၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း