တောင်ကိုရီးယားနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုနှုန်းတွေ စက်တင်ဘာလအတွင်း အနည်းငယ်ကျဆင်းလာနေ
ရောင်နီ (NSS) - အောက်တိုဘာ ၂
တောင်ကိုရီးယားနိုင်ငံရဲ့ပို့ကုန်စျေးကွက်ဟာ စက်တင်ဘာလအတွင်း စျေးကွက်ဆိုင်ရာမျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး အရင်လတွေကထက် အရှိန်နှေးကွေးလာကာ တစ်နှစ်တာရဲ့အနည်းဆုံး ကျဆင်းမှုဖြစ်လာခဲ့ပါတယ်။
အာရှရဲ့ စတုတ္ထအကြီးဆုံးစီးပွားရေးဖြစ်တဲ့ တောင်ကိုရီးယားရဲ့ပြည်ပပို့ဆောင်ရောင်းအားဟာ ယခင်နှစ်ကထက် ဒေါ်လာ ၅၄.၆၆ ဘီလျံ (၄.၄ ရာခိုင်နှုန်း) ကျဆင်းသွားပြီး ဒီလို ပို့ကုန်ကျဆင်းမှုဟာ ၁၂ လဆက်တိုက်ဖြစ်ခဲ့တယ်လို့ အစီရင်ခံချက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံကို တင်ပို့မှုဟာ ၁၁ လအတွင်း အနှေးကွေးဆုံးဖြစ်လာခဲ့ပြီး အမေရိကန်နဲ့ ဥရောပတွေကို တင်ပို့မှုတွေ ကတော့ အနည်းငယ်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုဟာ တစ်နှစ်အတွင်း အနှေး ကွေးဆုံးဖြစ်ပြီး ၁၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် မော်တော်ကားတင်ပို့မှုနဲ့ စက်ယန္တရား တင်ပို့မှုတွေ ကတော့ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ၉ ဒသမ ၈ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
သွင်းကုန်တင်သွင်းမှုကတော့ ၁၆ ဒသမ ၅ ရာခိုင်နှုန်း(ဒေါ်လာ ၅ဝ.၉၆ ဘီလျံ) ထိ ကျဆင်းသွားခဲ့ပြီး ယခင်လက ခပ်ပါးပါးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ဂျပန်ရဲ့နျူကလီးယားရေဆိုးတွေ ပင်လယ်ထဲ စွန့်ထုတ်ခြင်းနဲ့ ပဠိပက္ခတွေကြား ကိုဗစ်အလွန် စီးပွားရေးပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား အတွက် အခုလို ပို့ကုန်၊ သွင်းကုန်နှုန်းကျဆင်းမှုတွေဟာ စိန်ခေါ်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာအရေးက ဘယ်လောက်အရေးပါသလဲ၊ NUG ကရော တက်ခွင့်ရသလား..? (IBEC ဆရာတော်အား ဆက်သွယ်မေးမြန်ခြင်း) (ယနေ့ ညအတွက် KComedy အစား ထုတ်လွှင့်ပေးလိုက်ပါသည်။)
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း