Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနယ်စပ် မဏိပူရပြည်နယ် မြို့တော်တွင် လူမျိုးရေးအကြမ်းဖက်မှု အဓိကရုန်းများဖြစ်ပေါ်၍ လူ ၈၀ ကျော်ဒဏ်ရာရရှိ

Htay Oung (NSS) - စက်တင်ဘာ ၃ဝ

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဖျား ပဋိပက္ခဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ် ၀န်ကြီးချုပ်ဘာရန်ဆင်းရဲ့ ပုဂ္ဂလိကနေအိမ်ကို ဆူပူဆန္ဒပြသူများက လူစုလူဝေးနဲ့စီးနင်းတိုက်ခိုက်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းတဲ့ ကောလဟလများသာဖြစ်ကြောင်း အင်ဖာရဲတပ်ဖွဲ့က ပယ်ချလိုက်ပါတယ်။ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က လုံလောက်စွာ အကာအကွယ်ပေးထားကြောင်းလည်း ပြောပြတယ်လို့ Reuters က ယမန်နေ့ (စက်တင်ဘာ ၂၉ ရက်) ရေးသားပါတယ်။ 

 

ကြာသပတေးနေ့ ပြည်နယ်မြို့တော် အင်ဖာမှာ ကန့်ကွက်ဆန္ဒပြမှုနဲ့ မငြိမ်မသက်ဖြစ်ခဲ့ရပြီး လူ ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Reuters အပါအ၀င် မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီ ဖြစ်စဉ်များနဲ့ ပတ်သက်လို့ အိန္ဒိယရဲတပ်ဖွဲ့က ယခုလို မှတ်ချက်ပေးခြင်းဖြစ်ပြီး သောကြာနေ့မှာ အခြေအနေအားလုံးကို ပြန်လည်ထိန်း သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဝန်ကြီးချုပ်ရဲ့ ပုဂ္ဂလိကနေအိမ်ကို တိုက်ခိုက်စီးနင်းခံရတယ်လို့ ယခင် Twitter ခေါ် X လူမှုကွန်ရက်မှာ ဖော်ပြနေကြခြင်းဟာ မှားယွင်းပြီး ဆူပူမငြိမ်မသက်မှု ကျယ်ပြန့်လာအောင် သွေးထိုးလှုံဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ယခင်ကတည်းက လုံခြုံရေး အလုံအလောက် ချထားပြီးဖြစ်ကြောင်း မဏိပူရ် ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယပြည်နယ်မှာ အလုပ်အကိုင်နဲ့ နိုင်ငံရေး သြဇာလွှမ်းမိုးမှု တို့ကြောင့် လူများစု မေထေး(ကသည်း) တိုနဲ့ လူနည်းစု ကူကီး(ချင်း) အသိုင်းအဝန်းတို့အကြား ပဋိပက္ခတွေဟာ ပြည်တွင်းစစ်အသွင် ပြင်းထန်တဲ့ နယ်မြေလုမှုဖြစ်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူအများအပြားတို့က ကင်ပွန်းတပ်နေကြပါတယ်။

မြို့တွင်းနေရာအချို့မှာ ကန့်ကွက်ဆန္ဒပြသူများရဲ့ ညမထွက်ရ အမိန့်ကို ဖီဆန်ှမှု ရှိခဲ့ပေမယ့် နယ်မြေ ရဲတပ်ဖွဲ့နဲ့ လုံခြုံမှု ထိန်းသ်ိမ်းရေးတပ်များက အခြေအနေကို ထိန်းသိမ်းထားနိုင်တဲ့အတွက် သောကြာနေ့မှာ အကြမ်းဖက်မှုများ မရှိတော့ကြောင်း တွေ့မြင်ရပါတယ်။

ကာဖျူးအမိန့်ထုတ်ထားချိန် မိုဘိုင်းအင်တာနက် မရရှိခြင်းဟာ ကောလိပ်ကျောင်းသားများအတွက် နေရထိုင်ရ တကယ့် အခက်အခဲဖြစ်နေပါတယ်။ အင်ဖာမြို့မှာ (လူမျိုးရေးအရ မီးရှို့ဖျက်ဆီးမှုများ ရှိနေတဲ့ အတွက် ) မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းများနဲ့ ဆေးဝါးများကို ဝယ်ယူနိုင်စေဖို့ ကုန်စံဆိုင်နဲ့ ဓာတုဗေဒပစ္စည်းဆိုင် အနည်းငယ်ကိုသာ ဖွင့်လှစ်ခွင့်ပေးထားပါတယ်။ 

ကျောင်းသားနှစ်ဦး ပြန်ပေးဆွဲခံရမှုနဲ့ သတ်ဖြတ်ခံရမှုအပေါ် ဗုဒ္ဓဟူးနေ့မှာ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အင်ဖာမြို့နဲ့ ပြည်နယ်နေရာအချို့မှာ ရုန့်ရင်းဆန်ခတ်မှုများကြောင့် ရက်အကန့်အသတ် မရှိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို အာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။ မိုဘိုင်းအင်တာနက် ၀န်ဆောင်မှုကိုလည်း ၅-ရက်ကြာ ရပ်ဆိုင်းစေခဲ့ပါတယ်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့တဲ့ မေလ ၃-ရက်နေ့ နောက်ပိုင်း လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ကူကီးများဖြစ်ကြပါတယ်။ မဏိပူရ ပြည်နယ်တစ်ခုလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၅၀,၀၀၀ ကျော်ရှိနေပါတယ်။ ပြည်နယ်တစ်ခုလုံးရှိ လူမျိုးစု နှစ်ခုတို့ဟာ အလယ်မှာ ကြားခံဇုန်ထားပြီး တစ်သီးတစ်ခြားစီ နေထိုင်ကြသလို ဖြစ်သွားကြပါတယ်။ ဒါပေမယ့် နောက်ဆုံးအကြိမ် ကန့်ကွက်ဆန္ဒပြမှုတွေဟာ အင်ဖာချိုင့် ဝှမ်းဒေသ မေထေးတို့ ထိန်းချုပ်နယ်မြေမှာဖြစ်ပြီး အထူးတလည် တင်းကျပ်ထိန်းချုပ်ထားတဲ့ ဧရိယာမှာ ဖြစ်ပါတယ်။

လူဦးရေ ၃ ဒသမ ၂ သန်းကျော် နေထိုင်ရာ ပြည်နယ်မှာ ထက်ဝက်ကျော်ဟာ မေထေးအသိုင်းအဝိုင်းမှဖြစ်ပြီး ၁၆ ရာခိုင်နှုန်းခန့်ရှိမယ့် ကူကီတွေကတော့ တောင်ကုန်းဒေသများမှာ အများစု နေထိုင်ကြပါတယ်။

ဇူလိုင်လမှာ ပျောက်ဆုံးသွားခဲ့ပြီးနောက် ယခုသီတင်းပတ်ရောက်မှ အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ရတဲ့ ကျောင်းသားနှစ်ဦးမှာ မေတေးရပ်ကွက်မှ ဖြစ်ပါတယ်။ ကူကီးစစ်သွေးကြွများက သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သူတို့ရဲ့ မိသားစုများနဲ့ ရပ်ရွာခေါင်းဆောင်များက စွပ်စွဲနေကြပြီး အကြမ်းဖက်မှုအပေါ် အာဏာပိုင်များက တားဆီးခြင်း မရှိဘူးလို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဖက်ဒရယ်ကော်မရှင်က စုံစမ်းစစ်ဆေးနေပါတယ်။ နာရင်ဒြာမိုဒီရဲ့ ဘာရတ်တီယာဂျာနာတာပါတီ၀င်ဖြစ်သူ မဏိပူရပြည်နယ်၀န်ကြီးချုပ်ကတော့ လူသတ်မှုလို့ သံသယရှိရတဲ့ အဲ့ဒီဖြစ်ရပ်ကို ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို အမြင့်ဆုံး ပြစ်ဒဏ်ပေးမယ်လို့ ကတိပြုထားပါတယ်။

မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီ ဒေသန္တရ အစိုးရဟာ ပြည်နယ်အတွင်း အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့တယ်လို့ အတိုက်အခံကွန်ဂရက်ပါတီခေါင်းဆောင်များက စွပ်စွဲပါတယ်။ မိုဒီအစိုးရကတော့ ဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

(Reuters., 29 September 2023, "India police say mob did not storm home of Manipur chief minister" ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငြိမ်းချမ်းရေးအတွက် တပ်ချုပ်နှင့် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးတို့ နေပြည်တော်၌ တွေ့ဆုံ၊ ရလဒ်ကောင်းထွက်ခဲ့ကြောင်း ပဒိုရွှေမောင်းပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved