ရွှေတိဂုံအပါအဝင် စေတီ ၃ ဆူ နှင့် မြို့နယ် ၆ ခု၏ မြေသားရွေ့လျားမှု၊ နိမ့်ကျမှု နှင့် မြင့်တက်မှုကို သိရှိနိုင်မည့် ငလျင်တိုင်းစက် နှင့် GPS စက်များတပ်ဆင်
NSS - စက်တင်ဘာ ၃ဝ
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းပြီး ရွှေတိဂုံ စေတီတော် အပါအဝင် စေတီ ၃ ဆူ နှင့် မြို့နယ် ၆ ခု၏ မြေသားရွေ့လျားမှု၊ နိမ့်ကျမှုနှင့် မြင့်တက်မှုကို သိရှိနိုင်ရန် ငလျင်တိုင်းစက်နှင့် GPS စက်များကို မဟာဝိဇယစေတီတော် ဝတ္တကမြေအတွင်း တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားကြောင်းသိရသည်။
“စပြီးတပ်တာကတော့ မဟာဝိဇယစေတီတော်မှာ တပ်တယ်။ တပ်တယ်ဆိုတာက ရန်ကုန်နဲ့ အနီးအနားမှာရှိတဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေရှိရင် သိနိုင်အောင်ရယ်၊ ရေရှည်ဆိုရင် မြေသားရဲ့ လှုပ်ရှားမှုတွေ သိနိုင်အောင်ဆိုပြီးတော့ တပ်ထားတာပါ။ အလားတူ တပ်ထားတဲ့ စက်တွေဆိုရင် ရန်ကုန်မှာ မဟာဝိဇယမှာတစ်ခုရှိတယ်။ မန္တလေး နဲ့ နေပြည်တော်မှာ တစ်ခုရှိတယ်။ ရန်ကုန်မှာ စက်တပ်ဆင်ထားတာ ရှိတော့ရှိတယ် နည်းသေးတယ်။ နည်းနည်းသေးတာတို့ အလတ်စားတို့ဆိုရင်တော့ ဖမ်းလို့မမိဘူး။ ဖမ်းမိတယ်ဆိုရင်လည်း သိပ်မသေချာဘူးပေါ့။ များများ ပိုတပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့လေ”ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထပ်မံပြီး ရန်ကုန်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာများတွင် မြေသားခိုင်မာပြီး စက်အား အနှောင့်အယှက်နည်းသော နေရာများတွင် ဆက်လက်တပ်ဆင်ရန် ရှိကြောင်းသိရသည်။
ယင်းစက်များဖြင့် တိုင်းတာချက်များအရ ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော် နှင့် အလံပြဘုရားတို့၏ ဝတ္တကမြေ နှင့် အနီးဝန်းကျင်နေရာများအပြင် ဗဟန်းမြို့နယ်၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့၏ မြေသားရွေ့လျားမှု၊ နိမ့်ကျမှုနှင့် မြင့်တက်မှုတို့ကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး မကြာမီ ထုတ်ပြန်ပေးမည်ဟု နစကဥက္ကဋ္ဌ အသိပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း