နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး မကြာမီ ထုတ်ပြန်ပေးမည်ဟု နစကဥက္ကဋ္ဌ အသိပေး
Pearl (NSS) - စက်တင်ဘာ ၃၀
နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မကြာမီ ထုတ်ပြန်ပေးမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ (၂၉)ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၃)တွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နစကအနေဖြင့် နိုင်ငံ၏အလုပ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေး အမြဲအလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ကုန်ထုတ်စွမ်းအားစုများ၌ ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အလေး ထားဆောင်ရွက်ပေးလျက်ရှိရာ ထောက်ပံ့မှုများ၊ သက်သာချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့်ပေးခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများကျဆင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရန် စဉ်းစားဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်မည့်အစီအစဉ်ကို မကြာမီအချိန်တွင် ထုတ်ပြန်ပေးသွားမည်ဟု ပြောသည်။
ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံသားများမှ ပြန်လည်ပေးပို့သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေပြီး ၎င်းတို့အတွက် ပိုမိုအကျိုးခံစားခွင့် (Incentive)များ ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ နစကလက်ထပ်၌ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များအနက် အစိုးရ၏ ဝန်ထမ်းအိမ်ရာ၌ အခမဲ့နေထိုင်သော ဝန်ထမ်းများမှအပ ကျန်နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအတွက် အိမ်ငှားစရိတ်ခံစားခွင့်များကို ရာခိုင်နှုန်းအလိုက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှစတင်၍ ခံစားခွင့်ပြုထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေ၊ ဒေါ်လာနှင့် အခြေခံစားကုန်ဈေးများ ကျဆင်းရန် အရေးယူခဲ့ခြင်းအပေါ် မကျေနပ်သူများက ငွေစက္ကူသတင်းတုကို အချိန်ကိုက်ဖြန့်ဝေခြင်းဖြစ်ဟု နစကဖြေရှင်း
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ