တိုင်း နှင့် ပြည်နယ်ဆေးရုံကြီးများ၌ နှလုံးအထူးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဆို
ယွန်း(NSS) - စက်တင်ဘာ ၃၀
တိုင်းဒေသကြီးနှင် ပြည်နယ်ဆေးရုံကြီးများ၌ နှလုံးအထူးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်သွားရန် စီစဥ်နေကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက စက်တင်ဘာလ(၂၉)ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ကျင်းပခဲ့သည့် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ခေတ်မီကုထုံးများနှင့် နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရှေ့တောင်အာရှဒေသတွင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင် (Coronary Care Unit)များဖွင့်လှစ်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သောရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေးခန်းပေါင်း(၇၄၇၆)ခုကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးနေကြောင်း သိရသည်။
ထို့ပြင် ကုသမှုအတွက် အခြေခံနှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများ ကုသသည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှအခမဲ့ပံ့ပိုးပေးနေကြောင်း ကျန်းမာရေးဝန်ကြီးက ပြော သည်။
ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့်သွေးကြောရောဂါများကြောင့် နှစ်စဉ်လူဦးရေ (၂၀ ဒသမ ၅) သန်းကျော် သေဆုံးလျက်ရှိပြီး အဆိုပါသေဆုံးမှုများ၏ (၈၅)ရာခိုင်နှုန်းသည် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်၍ သေဆုံးခြင်း(Heart Attack) နှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းကို တွေ့ရှိရကြောင်း သိရသည်။
ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့သည် နှလုံး နှင့် သွေးကြောရောဂါများ ဖြစ်ပွားစေသည့် အဓိက အ ကြောင်းရင်းများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတပ်ဖွဲ့တွေရဲ့ခုံခံကာကွယ်မှု ခံစစ်လိုင်းတွေက မျှော်လင့်ထားတာထက် ပိုမို တောင့်တင်းကောင်းမွန်နေကြောင်း ဗြိတိန်ဗိုလ်ချုပ်ကြီးပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ