ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးကြီးနိုင်
ယွန်း (NSS) - စက်တင်ဘာ ၂၉
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးကြီးနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ (စက်တင်ဘာ ၂၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေ ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်ကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့(စက်တင်ဘာ ၂၉ ရက်) မှ လာမည့် အောက်တိုဘာ(၃)ရက်အထိ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
ထို့ပြင် အဆိုပါရက်များအတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင် နှင့် မွန်တို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ခြင်းကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြု နေထိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၅၂)ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅ဝ) ကျော်ရှိ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း