Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ICJ ၌ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်ကိစ္စနှင့်ပတ်သက်၍ ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဆွေးနွေး

မျိုးကြီး (NSS) - စက်တင်ဘာ ၂၉

ICJ ၌ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်ကိစ္စနှင့်ပတ်သက်၍ ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များကို မြန်မာ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ဥက္ကဋ္ဌ Joan Donoghue သည် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးကိုကိုလှိုင် နှင့် ဥပဒေရေးရာဝန်ကြီးဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သော စက်တင်ဘာ ၂၄ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။


သည်ဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ICJ ဥက္ကဋ္ဌ အပါအဝင် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာ၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်ကိစ္စနှင့်ပတ်သက်၍ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ICJ ၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ၎င်း၏အဆိုလွှာကို တရားရုံးသို့ ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

၎င်းအဆိုလွှာအပေါ် မြန်မာနိုင်ငံက ပြန်လည်ချေပလျှောက်လဲသည့်အချေလွှာကို ၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက် တွင် တရားရုံးသို့ တင်သွင်းခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။


ICJ ၌ မြန်မာနိုင်ငံကို တရားစွဲဆိုထားမှုအပေါ်ရင်ဆိုင်နေသည့် ဦးဆောင်ကော်မတီအား ဒုဝန်ကြီးချုပ်ဦးသန်းဆွေ ကို ဦးဆောင်စေကာ နစကမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားရင်ဆိုင်ခြင်းဆိုင်ရာဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြီးခဲ့သော လပိုင်းအတွင်းက ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ထို့ပြင် ဦးဆောင်ကော်မတီ၏ ဒုဥက္ကဋ္ဌများအဖြစ် ဝန်ကြီးဦးကိုကိုလှိုင်၊ ဝန်ကြီးဒေါက်တာသီတာဦးတို့ကို တာဝန် ပေးအပ်ထားပြီး နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဦးမြင့် ကြိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်း တို့ကိုလည်း အဖွဲ့ဝင်များအဖြစ် တာဝန်ပေး ဖွဲ့စည်းထားသည်။

ဆက်လက်ပြီး ၎င်းကော်မတီ၌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် အပါအဝင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး ဒုဝန်ကြီးများကိုလည်း အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းကာ နစကမှ တာဝန်ပေးအပ်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးကြီးနိုင်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved