လာမယ့်လအတွင်း အီရန် နဲ့ ရုရှားနိုင်ငံကြား ဒရုန်းနဲ့ ဒုံးကျည်ရောင်းချမယ့်စာချုပ် လက်မှတ်ရေးထိုးဖွယ်ရှိနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၈
အီရန်နိုင်ငံဟာ လာမယ့် အောက်တိုဘာလမှာ ရုရှားနိုင်ငံကို ဒရုန်းနဲ့ ဒုံးကျည်များ ကူညီပံ့ပိုးပေးရေးအတွက် စာချုပ်ချုပ်ဆိုဖွယ်ရှိနေကြောင်း အမေရိကန်အခြေစိုက် Institute of Study of War (ISW) က ပြောပါတယ်။
ရုရှားနဲ့ အီရန်စစ်ဘက်တာဝန်ရှိသူများဟာ အီရန်နိုင်ငံထုတ်လက်နက်များနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်သွား ဖွယ်ရှိနေပြီး လာမယ့်လအတွင်း ဒရုန်းနဲ့ ဒုံးကျည်ရောင်းချရေးအတွက် စာချုပ်ဖွယ်ရှိနေကြောင်း Institute of Study of War (ISW) က ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးဟာ စက်တင်ဘာ ၁၉ ရက်က အီရန်နိုင်ငံကို သွားရောက်ခဲ့ပြီး အီရန် နဲ့ ရုရှားနိုင်ငံကြား စစ်ရေးနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အီရန်အာကာသတပ်ဖွဲ့ ဗိုလ်ချုပ် Amir Ali Hajji Zadeh က ရုရှားကာကွယ်ရေးဝန်ကြီးကို အီရန်ထုတ် ဒရုန်းတွေနဲ့ ဒုံးကျည်တွေပေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ဒုံးကျည်ကာကွယ်ရေးအေဂျင်စီရဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Michelle Atkinson က "အီရန်ဟာ ဒုံးကျည် တွေကို ပိုမိုတိကျစေဖို့ နဲ့ အကွာအဝေး ပိုမိုရောက်ရှိအောင် ပစ်ခတ်နိုင်ဖို့ ဆက်လက်စမ်းသပ်လုပ်ဆောင်နေတယ်။ အီရန်နိုင်ငံရဲ့ တာတိုပစ် နဲ့ တာလတ်ပစ်ဒုံးကျည်စနစ်တွေဟာ အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံ တွေနဲ့ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်နေတယ်" လို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ အီရန်ထုတ်လက်နက်များကို အသုံးပြုနေတယ်လို့ စွပ်စွဲမှုများထွက်ပေါ်လာခဲ့ပြီးနောက် အနောက်အုပ်စုနိုင်ငံတွေဟာ အီရန် နဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာခြင်းအပေါ် စိုးရိမ်မှုမြင့်တက်နေ ကြောင်း သိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက် ရုရှားအပေါ် တစ်ဖက်သတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ကာ ယူကရိန်းကို စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း သိရပါတယ်။ စစ်ပွဲအချိန် ကြာလာတာနဲ့အမျှ သိုလှောင်ထားတဲ့စစ်လက်နက်ပစ္စည်းများ ကုန်ခမ်းသလောက်ရှိနေရာ ရုရှားနဲ့ ယူကရိန်းတို့ဟာ မိတ်ဖက်နိုင်ငံများထံကနေအကူအညီများ ရယူနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်ရှိမြို့မှာ နယ်စပ်ဒေသထိန်းချုပ်ရေးဇုန် တည်ထောင်သွားမယ်လို့ တရုတ်အာဏာပိုင်တွေပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း