ဒေသအလိုက် MSME များဖွံ့ဖြိုတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီသွားမည်ဟု စက်မှုဝန်ကြီး အသိပေး
ယွန်း (NSS) - စက်တင်ဘာ ၂၈
ဒေသအလိုက် MSME များဖွံ့ဖြိုတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီသွားမည်ဟု စက်မှုဝန်ကြီးက အသိပေးပြောကြားထားသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြီးခဲ့သည့် စက်တင်ဘာလ(၂၆)ရက်တွင် စစ်ကိုင်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နစကအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍဟန်ချက်ညီစွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာန၏ မူဝါဒတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍများ ဘက်ညီဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
သို့ဖြစ်၍ ဒေသအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရေးအတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာချာလီသန်းက အသိပေးပြောကြားခဲ့သည်။
အလားတူ အကြီးစားစက်မှုလုပ်ငန်းများကို ဆက်လက်ထူထောင်ပြီး သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ထုတ်ကုန်များ တိုးမြှင့်လာစေရေးကို အကောင်အထည်ဖော်နေကြောင်း သိရသည်။
လက်ရှိတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို “အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” အဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဥပဒေပြဋ္ဌာန်းပြီးပါက MSME ဥပဒေအရ လုပ်ငန်းအရွယ်အစား သတ် မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
MSME များအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ မှတ်ပုံတင်ခြင်းအားဖြင့် ဥပဒေအရ အခွန်လျှော့ပေါ့ခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်း၊ နည်းပညာ၊ ဈေးကွက်နှင့်ငွေကြေးအရင်းအနှီးများ ရယူနိုင်ခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့များရရှိခြင်း စသည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေ့ပြောင်းအခြေချမှုနှင့်ပတ်သက်ပြီး ဂျာမန်အဓိပတိကို ဝန်ကြီးချုပ်မယ်လိုနီ ရှုတ်ချ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ