Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေ့ပြောင်းအခြေချမှုနှင့်ပတ်သက်ပြီး ဂျာမန်အဓိပတိကို ဝန်ကြီးချုပ်မယ်လိုနီ ရှုတ်ချ

Htay Oung (NSS) - စက်တင်ဘာ ၂၈ 

မြေထဲပင်လယ်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ ပရဟိတအဖွဲ့များကို ငွေကြေး ထောက်ပံ့ရာမှာ ဂျာမန်အစိုးရရဲ့သဘောထားကို အံ့ဩခြင်းကြီးစွာဖြင့် သိရှိခဲ့ရကြောင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ_မယ်လိုနီက ဂျာမန်အဓိပတိ အော့လ်ဖ်_ရှု့လ်ထံ  စာရေးသားခဲ့တယ်လို့ Reuters က စက်တင်ဘာလ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။

(အာဖရိကိုက် မြောက်ပိုင်းမှ ဥရောပတိုက်ကိုသွားရောက်လိုတဲ့ ရွှေ့ပြောင်းအခြေချသူများအတွက် အီတလီဟာ မြေထဲပင်လယ်ခရီးနဲ့အနီးဆုံးဖြစ်ပြီး တစ်နေ့တစ်ခြား တိုးတက်ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ကလေးမွေးဖွား နှုန်း နည်းပါးခြင်းကြောင့် နိုင်ငံလူဦးရေ တိုးတက်နှုန်း ကျဆင်းပြီး ပျမ်းမျှသက်တမ်းတိုးမြင့်နေတဲ့ တိုင်းပြည်မှာ အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့ရွေ့ပြောင်းအခြေချသူများကြောင့် ပြည်တွင်းနိုင်ငံသားဦးရေအချိုးအစား ပြောင်းလဲ သွားပြီး အလုပ်သမားစျေးကွက်လည်း ပြိုလဲသွားရပါတယ်။ အီတလီဟာ လူဦးရေ ၅၉ သန်းခန့်ရှိပြီး မြန်မာထက် လူဦးရေ အနည်းငယ်သာ ပိုမိုပါတယ်။

(ဥရောပအစိုးရတို့ဟာ ရွှေ့ပြောင်းအခြေချသူ သန်းချီ လက်ခံဖို့ ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုရော့စ်ရဲ့ လူသားချင်း စာနာမှု၊ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ ပွင့်လင်းလူ့အဖွဲ့အစည်းတည်ဆောက်လိုသူများရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖိအားပေးခြင်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အီတလီရဲ့အမျိုးသားရေးဝါဒီအစိုးရကတော့ အတောမသတ် ဝင်ရောက်နေကြခြင်းများကို ကာကွယ်ဖို့အတွက် တရားမဝင် ရောက်ရှိလာသူများကို ၁၈-လ ကြာချုပ်နှောင်ထား နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပေဒများကို ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။ မြောက်အာဖရိကမှ ဒုက္ခသည်လှေ များကို တားဆီးရန် ဥရောပရေကြောင်းမစ်ရှင်ထူထောင်ရေး တောင်းဆိုခြင်း၊ #ရောက်ရှိလာသူများကို နေရပ် ပြန်ပို့ခြင်းနဲ့ ဒုက္ခသည်စခန်းများကို တိုးချဲ့ဆောက်လုပ်ခြင်းရခြင်းတို့နဲ့ ဗျာများနေခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ လည်း အာဖရိကတိုက်သားများ အလုံးအရင်းနဲ့၀င်ရောက်လာခြင်းကို တားဆီးလိုတဲ့ ဥရောပနိုင်ငံအချို့က လူသိရှင်ကြား မဟုတ်ဘဲ အီတလီကို ရှေ့တန်းခြံစည်းရိုး သဘောထားပြီး ဗိုက်အငှားနဲ့ ဒါးထိုးခံစေလိုကြပါတယ်။ အလုပ်သမားလိုအပ်နေတဲ့ နိုင်ငံအချို့ကတော့ သူတို့နိုင်ငံက မခေါ်ယူနိုင်မီ ရွှေ့ပြောင်းနေထိုင်သူတွေကို အီတလီ က လက်ခံထားစေလိုပါတယ်။ သတင်းဘာသာပြန်သူ)

လက်ယာယိမ်းနိုင်ငံသားဗဟိုပြုအမျိုးသားရေးဝါဒီ မယ်လိုနီလက်ထက် အီတလီအစိုးရဟာ တရားမဝင် ရောက်ရှိ လာသူများအပေါ် တင်းမာတဲ့သဘောထားအတိုင်း ဆက်လက်ကျင့်သုံးနေပါတယ်။ သို့တိုင်အောင် ၂ဝ၂၂ ခုနှစ် အီတလီကမ်းခြေကိုရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူ ဦးရေဟာ ၆၉,၈ဝဝ ရှိနေရာမှ ယခုနှစ်မှာ  ၁၃၃,ဝဝဝ အထိ ဖြစ်လာပါတယ်။ 


ပရဟိတလုပ်ငန်းများကို ကူညီထောက်ပံ့ရန် ရည်ရွယ်တယ်ဆိုတဲ့ ဂျာမန်အစိုးရသဘောထားနဲ့ပတ်သက်ပြီး  အီတလီဝန်ကြီးချုပ်ရဲ့  စက်တင်ဘာ ၂၃ ရက်စွဲပါ ပေးစာကို မယ်လိုနီရဲ့ အာဏာရ BoI ပါတီအကြီးတန်း ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ကာကွယ်ရေး၀န်ကြီး ဂိုင်ဒို_ခရော့စ်ဆက်တိုက တနင်္ဂနွေနေ့ အင်တာဗျူးတစ်ခုမှာ လူသိရှင်ကြား ဖွင့်ချလိုက်ခြင်းပဲဖြစ်ပါတယ်။

အီတလီအစိုးရနဲ့ ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ အီတလီရဲ့ရေပြင်ပိုင်နက်မှာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူများ ကို လက်ခံခြင်း၊ မြေထဲပင်လယ်အတွင်း ကယ်ဆယ်ရေးများမှာ ပါဝင်ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများကို ရန်ပုံငွေအမြောက်အများ ထောက်ပံ့ရန် လူကြီးမင်းရဲ့ဂျာမန်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရတဲ့အတွက် အလွန်အမင်း အံ့သြမိတယ်လို့ မယ်လိုနီရဲ့စာမှာ ဖော်ပြထားပါတယ်။ 

သောကြာနေ့ ဘာလင်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့် ရရှိသူကတော့ ဂျာမန်အစိုးရဟာ အရပ်ဘက်ပင်လယ်ပြင် ရော ကုန်းပေါ်မှာပါ ကယ်ဆယ်ရေးပရောဂျက်များအတွက် ပါလီမန်ဘဏ္ဍာရေးထောက်ပံမှုအစီအစဉ်ကို အကောင် အထည်ဖော်နေပြီး အဆိုပြုလွှာနှစ်ခုကို ပြန်လည်သုံးသပ်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်ရှိ လူသားများကို ကယ်ဆယ်ခြင်းဟာ တရားဥပဒေ၊ လူသားချင်းစာနာမှုနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်အာဖရိကမှ မြေထဲပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ဝင်ရောက်နေသူများကို ဟန့်တားရေး ကြိုးပမ်းတဲ့အနေနဲ့ ခိုးဝင်များကို အချိန်ပိုကြာကြာ ချုပ်နှောင်ထားရန်နဲ့ ရွှေ့ပြောင်းအခြေချသူ ထိန်းသိမ်းရေးစခန်းများ တိုးချဲ့ တည်ဆောက်မယ့် စီမံချက်အသစ်များကို အီတလီ၀န်ကြီးချုပ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

တစ်ဖက်မှာလည်း ခိုလှုံခွင့် ရှာဖွေသူများအပေါ် အကာအကွယ်ပေးရေး လုပ်ဆောင်နေခိုက် ဖမ်းဆီးမခံရလိုလျှင် အမေရိကန်ဒေါ်လာ ၅၂၅၉ နဲ့ ညီမျှတဲ့ ယူရိုငွေကို ပေးဆောင်ဖို့ ဥပဒေကိုလည်း မယ်လိုနီ အစိုးရက ပြဌာန်း လိုက်ပါတယ်။

ရွှေ့ပြောင်းအခြေချမှုဖြစ်စဉ်အတွက် အီတလီအပေါ် ခိုင်မာတဲ့ အထောက်အပံ့တွေ ပေးဖို့ စိတ်ဝင်စားတဲ့ ဥရောပ နိုင်ငံတွေအနေနဲ့ ဘဏ္ဍာရေးကိစ္စ အပါအဝင် ကြိုးပမ်းမှုတွေမှာ စည်းကမ်းနည်းလမ်းတကျ ဖြေရှင်းရေးကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ ယုံကြည်ပါကြောင်း ဂျာမန်အဓိပတိထံ မယ်လိုနီရဲ့ပေးစာမှာ ဖော်ပြထားပါတယ်။ 


လက်ဝဲယိမ်းညွန့်ပေါင်းအစိုးရ အုပ်ချုပ်နေတဲ့ ဂျာမနီနိုင်ငံဟာ ကိုယ့်နိုင်ငံမြေပေါ်ရှိ ရွှေ့ပြောင်းဒုက္ခသည်များ ကူညီရေးအပေါ်မှာသာ အာရုံစိုက်သင့်ပါကြောင်း၊ မြေထဲပင်လယ်ပြင်မှာ ကူညီကယ်ဆယ်ရေး NGO များ ရှိနေခြင်း ဟာ သင်္ဘောပျက်ခြင်းနဲ့ အသေအပျောက်များ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ ရွှေ့ပြောင်းသွားလာမှုများကို လှုံ့ဆော် ပေးရာ ရောက်ရှိနိုင်တယ်လို့ အီတလီ၀န်ကြီးချုပ်က ဆိုပါတယ်။

မြေထဲပင်လယ် ကူညီကယ်ဆယ်ရေး NGO အဖွဲ့တွေကတော့ သူတို့အနေနဲ့ ဥရောပကို ဦးတည်လာတဲ့ တရား မဝင်ရွှေ့ပြောင်းအခြေချသူများတိုးပွားလာအောင် အားပေးအားမြှောက်လုပ်ရာရောက်တဲ့ကိစ္စမျိုးကို ဆောင်ရွက်နေခြင်းမရှိဘူးလို့ ငြင်းဆိုနေပါတယ်။ 

#အီတလီ၀န်ကြီးချုပ်_ဂျော်ဂျီယာမယ်လိုနီ #လက်ယာယိမ်း_နိုင်ငံသားဗဟိုပြု_အမျိုးသားရေးဝါဒီ #ဂျာမန်အဓိပတိအော့လ်ဖ်ရှု့လ်ဇ် #တရားမ၀င်ရွှေ့ပြောင်းအခြေချသူများ


(Reuters., 25 September 2023,” Italian PM Meloni reproaches Germany's Scholz over migration” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ကောက်နှုတ်စုစည်းဘာသာ ပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံများမှ မြန်မာ့သကြားဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved