မြိတ်မြို့နယ်တွင် ရာအိမ်မှူးအမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - စက်တင်ဘာ ၂၈
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ရာအိမ်မှူးအမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာလ ၂၅ရက်၊ နံနက် ၈နာရီ ၂၀မိနစ်အချိန်တွင် မြိတ်မြို့နယ်၊ ခုံမော်အနောက်ကျေးရွာရှိ ကွမ်းခြံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ရာအိမ်မှူးဖြစ်သူ ဦးအေးဇော်(ခ)အေးပိုသည် ၎င်းနေအိမ်၌ ရှိနေစဉ် PDF အဖွဲ့အင်အား (၁၀)ဦးက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ အထက်ပါနေရာအရောက်၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ခုံမော်အနောက်ကျေးရွာရာအိမ်မှူးဖြစ်သူ ဦးအေးဇော်(ခ)အေးပို(၄၇)နှစ်တွင် ဦးခေါင်းနောက်စေ့ နှင့် ဝဲနားရွက်နောက်ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် လောင်းလုံမြို့နယ်၊ ခမောင်းတောင်ကျေးရွာနေ ဦးနိုင်နိုင်ဦးသည် ၎င်းနေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား (၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ဦးနိုင်နိုင်ဦး(၄၄)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရဿည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို Hong Kong Performing Arts Expo က ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ