ငွေကျပ် (၈)ဘီလျံကျော် တန်းဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ရမည်းသင်းမြို့နယ်၌ ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၂၈
ရမည်းသင်းမြို့နယ်၌ ငွေကျပ် (၈)ဘီလျံကျော်တန်းဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ငါးတဲစုကျေးရွာအနီး၊ တောလမ်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ တော်လမ်း တွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး(ခ)အောင်သူဖြိုး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်နှင့် အောင်ကျော်စွာ(ခ) ကျော်စွာ မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော် ယာဉ်တို့ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၇ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်ဟု ရဲတပ်ဖွဲ့မှပြောသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက်ခဲ့ရာ (၂)ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ