ဒလမြို့မရဲစခန်းရှိ အချုပ်ခန်းခေါင်မိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်နေသူများကို ပြန်လည်ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၂၇
ရန်ကုန်တိုင်း၊ ဒလမြို့မရဲစခန်းရှိ အချုပ်ခန်းခေါင်မိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်နေသူများကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၂၆)ရက် ၊ နံနက်ပိုင်းတွင် ဒလမြို့မရဲစခန်းမှ တရားခံ(၆)ဦးသည် အချုပ်ခန်း ခေါင်မိုးသစ်သားတန်းများအားခွာ၍ သွပ်ပြားများလှန်ကာ ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထိုသို့ထွက်ပြေးသွားခဲ့သော အချုပ်သား(၆)ဦးသည် မူးယစ်ဆေးဝါးမှု၊ လုယက်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးသူ (၆)ဦး အနက် (၄)ဦးအား ပြန်လည်ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ယနေ့ (စက်တင် ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို အသိပေးပြောကြားထားခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် ဒလမြို့မရဲစခန်းရှိ အချုပ်ခန်းမှထွက်ပြေးလွတ်မြောက်သူ (၆)ဦးလုံးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲနှင့် နီးစပ်သူများက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာ(၅ဝ)နီးပါးအတွက် ဝန်ထမ်းများခေါ်ယူနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ