လယ်သမားများအတွက် ကြွေးမြီး ဆိုင်းငံ့ပေးမည့်အစီအစဉ်ကို ထိုင်းအစိုးရ အတည်ပြု
Pika (NSS) - စက်တင်ဘာ ၂၆
ထိုင်းအစိုးရသည် လယ်သမားများအတွက် ကြွေးမြီးဆိုင်းငံ့ပေးမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး Julapun Amornvivatက စက်တင်ဘာလ(၂၆)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါကြွေးမြီးဆိုင်းငံ့မှုသည် သုံးနှစ်ကြာမည်ဖြစ်ပြီး အစိုးရအတွက် ဘတ်(၁၁)ဘီလျံ ကုန်ကျစေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး Julapun Amornvivat က ပြောကြားခဲ့သည်။
လယ်သမားများအတွက် ကြွေးမြီးဆိုင်းငံ့မှုသည် အောက်တိုဘာလ(၁)ရက်တွင် စတင်မည်ဖြစ်ပြီး လယ်သမားများ သည် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဘဏ်ထံမှ တစ်ဦးလျှင် ဘတ်(၁)သိန်းအထိ ထပ်မံချေးယူခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံတွင်းရှိ လယ်သမား(၂ ဒသမ ၇) သန်းခန့်သည် အဆိုပါအစီအစဉ်တွင် ပါဝင်ရန်အတွက် အရည်အချင်း ပြည့်မှီကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လတွင် စတင်တာဝန်ယူခဲ့သော ထိုင်းအစိုးရအသစ် သည် ပို့ကုန်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများကို ကျဆင်းစေသော စီးပွားရေးနှေးကွေးမှုကို ကိုင်တွယ် ဖြေရှင်းရန်အတွက် မူဝါဒအသစ်များကို ပြင်ဆင်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် တစ်ရက်စာ အနည်းဆုံးလုပ်ခလစာကို ဘတ်(၄ဝဝ)အထိ တိုးမြှင့်ပေးမည့်အစီအစဉ် အဆိုပြုချက်ကို ထိုင်းဝန်ကြီးချုပ် ဆာရက်တာသာဗီဆင်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂၆ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း