Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆဲလ်ဖုန်းများ၏ ဓါတ်ရောင်ခြည်ထွက်ရှိမှုများက လူများ၏ကျန်းမာရေးကို ထိခိုက်စေကြောင်း ရုရှားအေဂျင်စီတစ်ခုပြော

Pika (NSS) - စက်တင်ဘာ ၂၆ 

ဆဲလ်ဖုန်းများအားလုံးမှ ဓါတ်ရောင်ခြည်ဖြာထွက်မှုများသည် လူသားများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသောကြောင့် ဆဲလ်ဖုန်းများအသုံးပြုမှုကို လျှော့ချသင့်ကြောင်း ရုရှား၏ စားသုံးသူအခွင့်အရေးနှင့် လူသားကျန်းမာရေး အေဂျင်စီ Rospotrebnadzor က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံတွင် Iphone12 အမျိုးအစားကို ပိတ်ပင်လိုက်ပြီးနောက် ရုရှားကလည်း ပိတ်ပင်နိုင်ချေရှိသည်ဆိုသည့် ထင်ကြေးပေးမှုများရှိနေမှုနှင့်အတူ အဆိုပါအေဂျင်စီက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 


အေဂျင်စီပြောရေးဆိုခွင့်ရှိသူ က "ဆဲလ်ဖုန်းတွေက ဓါတ်ရောင်ခြည်ဖြာထွက်မှုတွေဟာ လူသားတွေ အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ပြီးတော့ ဖုန်းပြောရာမှာလည်း ဘေးကင်းရေးစည်းမျဉ်းတွေကို လိုက်နာ ဖို့ လိုအပ်ပါတယ်။ ဖုန်းပြောမှုတွေဟာ နှစ်မိနစ်ထက်ပိုမကြာသင့်သလို ဖုန်းခေါ်ဆိုမှုတွေကြား အနည်းဆုံး ရပ်နားချိန်က (၁၅)မိနစ်ရှိသင့်ပါတယ်" ဟု ပြောထားသည်။

သုံးစွဲသူများသည် အိပ်နေစဉ်အချိန်အတွင်း ဖုန်းကို ဘေးဘက်တွင် ထားသင့်ပြီး အိတ်ကပ်များထဲတွင် ထည့်သယ် သွားမည့်အစား လွယ်အိတ်များထဲတွင် ထည့်သယ်သွားသင့်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ သည်။ 


ပြင်သစ်နိုင်ငံ၏ National Frequency Agency (ANFR) သည် Apple ကုမ္ပဏီ၏ iPhone 12 အမျိုးအစားက ဓါတ်ရောင်ခြည်အများအပြားကို ထုတ်လွှတ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်းတွင် iPhone 12 အမျိုးအစားရောင်းချမှုကို ယခုလအစောပိုင်းတွင် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ iPhone 12 ကို ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းသက်သာမှုများနှင့်အတူ လူကြိုက်များခဲ့သည်၊၊

iPhone 12 သည် ဓါတ်ရောင်ခြည်အများအပြား ထုတ်လွှတ်နေသည်ဆိုသည့် (ANFR) ၏ ပြောဆိုချက်များကို Apple ကုမ္ပဏီက ငြင်းဆိုထားကြောင်းလည်း သိရသည်။ သို့သော်လည်း Apple ကုမ္ပဏီသည် ယခင်တည်းက ဓါတ်ရောင်ခြည်စံနှုန်းများကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံရမှုများလည်း ရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မက္ကဆီကိုတွင် ဂျက်လေယာဉ်နှစ်စင်းတိုက်မိခဲ့ပြီး အနည်းဆုံးလူ(၅)ဦး သေဆုံး

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved