Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယ၊ တရုတ်တို့ ပူးပေါင်းပါဝင်တဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၆ 

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ နိုင်ငံတကာအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်း Counter-Terrorism Field Training Exercises များကို မြန်မာနိုင်ငံ ပူးပေါင်းပါဝင်ခဲ့ကြောင်း ရုရှားအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ နဲ့ မိတ်ဖက်နိုင်ငံများ"ADMM Plus" တို့ ပူးပေါင်းလုပ်ဆောင်တဲ့  Counter-Terrorism Field Training Exercises ကို ရုရှားနိုင်ငံမှာ စက်တင်ဘာ ၂၅ ရက်က ၃ဝ ရက်အထိ ကျင်းပမှာဖြစ်ပြီး Primorsky ဒေသမှာ လုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်းအစီအစဉ်အတွင်း မြန်မာနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း နဲ့ ဖိလစ်ပိုင်တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ရုရှားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမဟုတ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတို့လည်း ပူးပေါင်းပါဝင်ခဲ့ပြီး အခြားမိတ်ဖက်နိုင်ငံများ ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ 

"ADMM Plus" လေ့ကျင့်ခန်းတွေဟာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများကြား ပူးပေါင်းလုပ်ဆောင်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ အာဆီယံနဲ့ ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် မိတ်ဖက်နိုင်ငံများအဖြစ် သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ရုရှားတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ရုရှားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က "အကြမ်းဖက်မှုတိုက်ဖျက်ရေးလေ့ကျင့်ခန်းကို အဆင့် နှစ်ဆင့် နဲ့ ကျင်းပသွားမှာပါ။ ပထမအဆင့်မှာ လေ့ကျင့်ခန်းအတွင်း ပါဝင်တဲ့နိုင်ငံတွေရဲ့စစ်ဘက်ရေးတပ်မှူးတွေဟာ အကြမ်းဖက် တိုက်ဖျက်ရေးစစ်ဆင်ရေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ကြမှာပါ။ ဒုတိယအဆင့်မှာတော့ လေ့ကျင့်ခန်းမှာ ပါဝင်တဲ့ နိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်တွေဟာ  အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို လက်တွေ့ပူးပေါင်းလေ့ကျင့်ရမှာဖြစ်တယ်" လို့ ပြောပါတယ်။ 


ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Counter-Terrorism Field Training Exercises အစည်းအဝေးကို တပ်ဖွဲ့ဝင်အရေအတွက် ၇ဝဝ ကျော် ပါဝင်လေ့ကျင့်မှာဖြစ်ပြီး၊ တိုက်လေယာဉ်များ၊ စစ်ဘက်သုံးရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ တင့်ကားများ၊ သံချပ်ကာ ကားများ နှင့် အခြားစစ်ဘက်သုံးပစ္စည်းများကို အသုံးပြုကာ လေ့ကျင့်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ ADMM-Plus အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ  အစည်းအဝေးများကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့သြဂုတ်လက မြန်မာနိုင်ငံမှာ ADMM-Plus အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စားပွဲတင်လေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ပြီး၊ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Hong Kong Performing Arts Expo ကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved