ဒလမြို့မရဲစခန်းမှ အချုပ်သား (၆)ဦး အချုပ်ခန်းခေါင်မိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်နေ
NSS - စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ အချုပ်သား (၆)ဦး အချုပ်ခန်းခေါင်မိုးအားဖောက်ကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၆ရက်) ၊ နံနက် (၅) နာရီ အချိန်ခန့်တွင် ဒလမြို့နယ်၊ ဒလမြို့မရဲစခန်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
“ဒီနေ့ မနက်ပိုင်းက ဖြစ်တာပါ။ အချုပ်သား(၆)ဦးပါ။ အချုပ်ခန်းခေါင်မိုးမျက်နှာကျက်တွေ၊ သွပ်တွေကို ခွာပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာပါ” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သော အချုပ်သား(၆)ဦးသည် မူးယစ်ဆေးဝါးမှု၊ လုယက်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော အချုပ်သား(၆)ဦးအား အမြန်ဆုံးပြန်လည်ဖမ်းမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက လိုက်လံရှာဖွေနေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတိုင်း၌ စက်တင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုမှ အမေရိကန်ဒေါ်လာ(၁၀)သန်းနီးပါး တိုးတက်ဝင်ရောက်ခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ