ရန်ကုန်မြို့တွင် မီးစက်ဝါယာရှော့ဖြစ်ရာမှ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၂၅
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မီးစက်ဝါယာရှော့ဖြစ်ရာမှ လူနေအိမ် (၃)လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ပြည်သူလူထုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့ (စက်တင်ဘာလ ၂၅ ရက်)၊ နံနက် ၄နာရီ ၅၀မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တပင်ရွှေထီး(တာဝါ)အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးစက်ကနေစလောင်တယ်လို့တော့ သိရတယ်ဗျ။ မီးကတော့များတယ်လို့ပြောလို့ရတယ်ပေါ့နော်”ဟု ပြည်သူလူထုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၂)လုံးနှင့် ဖိနပ်ဆိုင်တစ်ဆိုင်မှာမီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
“အဓိက ဖိနပ်ဆိုင်တစ်ဆိုင်လုံးပါသွားတယ်။ လူနေအိမ် နှစ်ထပ်တစ်လုံးရယ်။ တစ်ထပ်အဆောင် တစ်လုံးရယ် ပါသွားတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ မီးသတ်ကစစ်ဆေးနေပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုအား လှိုင်သာယာမြို့နယ်မီးသတ်၊ အင်းစိန်မြို့နယ်မီးသတ်၊ မရမ်းကုန်းမြို့နယ်မီးသတ်နှင့် လူမှုကူညီရေးအသင်းများမှ မိနစ် ၂၀ ခန့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ