မြင်းမူမြို့နယ်၌ PDF အဖွဲ့ဝင်များ ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာစဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ (၂၀)ဦးထက် မနည်းသေဆုံး
မြူနစ် (NSS) - စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၌ PDF အဖွဲ့ဝင်များသည် ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာစဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ လူ(၂၀)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၃ ရက်) ၊ နံနက် ၄ နာရီအချိန်ခန့်တွင် မြင်းမူမြို့နယ်၊ ခြေရာတော်ရွာအနီး မြင်းမူ-မြောင် ကားလမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
PDF အဖွဲ့ဝင်ဦးရေ (၂၀)ကျော်သည် ကား၊ ဆိုင်ကယ်များဖြင့် ထွက်ခွာလာစဉ်အချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သတင်းရလို့ ကင်းပုန်းဝပ်ပြီးစောင့်နေတဲ့သဘော။ သူတို့လာတော့ ဝိုင်းပစ်တာ။ သူတို့က ကားတွေ ဆိုင်ကယ်တွေနဲ့လာတာ။ သူတို့ဘာမှ ပြန်မလုပ်နိုင်ဘူး။ ၂၅ ယောက်ဝန်းကျင်ပါ" ဟု ၎င်းကပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် PDF အဖွဲ့ဝင်ဦးရေ (၂၀)ထက်မနည်း နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် PDF အဖွဲ့ဝင်များထံမှ ကား၊ ဆိုင်ကယ်များအပြင် လက်လုပ်သေနတ်အရှည်၊ သေ နတ်အတို၊ ကျည်အိမ်၊ ကျည်ဆံများနှင့် လက်လုပ်မိုင်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့သည် လက်ရှိနစကလက်ထက်တွင် ပစ်ခတ်တိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှု အများဆုံး ဖြစ်ပွားလျက်ရှိသော ဒေသများလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ပြည်တွင်းရေးကို ကြားဝင်ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်ပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း