ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ပြည်တွင်းရေးကို ကြားဝင်ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ပြည်တွင်းရေးကိစ္စများကို ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ကုလသမဂ္ဂအစည်းအဝေးတက်ရောက်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန်အတွင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ လူအခွင့်အရေးကိစ္စများကို အဓိကထား အလေးပေးဆောင်ရွက်မှာဖြစ်သလို ငြိမ်းချမ်းရေးရရှိ စေဖို့ စေ့စပ်ဆွေးနွေးမှုများကို အားပေးထောက်ခံမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်မံပြောခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေနဲ့ ၎င်းတို့နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များကို ကူညီ စောင့်ရှောက်ပေးမှုတွေကိုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ကမ္ဘာ့နေရာအများအပြားမှာ ပဋိပက္ခ များ ဖြစ်ပွားနေတဲ့အတွက် ငြိမ်းချမ်းရေးရရှိအောင်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဝန်ကြီးချုပ် ဆာရက်သာ တာဗီဆင် က ပြောပါတယ်။
ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်ဟာ စက်တင်ဘာလအစောပိုင်းမှာ နိုင်ငံတာဝန်များကို စတင်တာဝန်ယူခဲ့ပြီးနောက် နိုင်ငံစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဦးစားပေးလုပ်ဆောင်သွားရေး စီစဉ်ထား ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ နဲ့ ကုလသမဂ္ဂအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုအရှိန်မြင့်လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ထပ်မံပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အားလုံး ပါဝင်ဆောင်ရွက်မှုတွေဖြစ်အောင်လုပ်ဆောင်ဖို့ ကတိတွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံတွေကြားမှာ လေးစားမှု အပြန်အလှန်နားလည်မှု နဲ့ အပြန်အလှန်ယုံကြည်မှုတွေ ကို အခြေခံပြီး ဘက်စုံကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Covid-19 ဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း