ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှု အများဆုံးနိုင်ငံ(၅၀)ထဲတွင် အမေရိကန်နိုင်ငံပါဝင်လာ
Pika (NSS) - စက်တင်ဘာ ၂၃
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှုအများဆုံး နိုင်ငံ(၅၀)ထဲတွင် ပါဝင်လာသည့် အနောက်အုပ်စုနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးအကြမ်းဖက်မှုကို တိုင်းတာသည့် သုတေသနတစ်ခုတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်နိုင်ငံတွင် နိုင်ငံရေးအကြမ်းဖက်မှုများနှင့် လက်ယာစွန်းအုပ်စုများ များပြားလာခြင်းတို့ကြောင့် ပဋိပက္ခဖြစ်ပွားမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း Armed Conflict Location & Event Data Project( ACLED) အဖွဲ့၏ အဆိုအရသိရသည်။ ACLED အဖွဲ့သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း(၂၄၀)ကျော်နှင့်နယ်မြေများ၏ ဒေတာအချက်အလက်များကို စုဆောင်းထားကြောင်းသိရသည်။
ACLED အဖွဲ့သည် ယခုနှစ် စက်တင်ဘာလအစောပိုင်းအထိ ပြီးခဲ့သည့်(၁၂)လအတွင်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ရပ်ပေါင်း(၁၃၉၀၀၀)ကို မှတ်တမ်းတင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက (၂၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရသည်။ ACLED Conflict Index ကို လူသေဆုံးမှု၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ ပထဝီဝင်နိုင်ငံရေးများ ပျံ့နှံခြင်းနှင့် လက်နက်ကိုင်အဖွဲ့များ၏ အရေတွက် စသည့်အချက်လေးခုကို အခြေခံကာ အမှတ်ပေးပြီး ပဋိပက္ခဖြစ်ပွားမှု အများဆုံးနိုင်ငံများကို အဆင့်သတ်မှတ်ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံအများစုတွင် နိုင်ငံရေးအကြမ်းဖက်မှု အနည်းဆုံးတစ်ခုရှိခဲ့ကြောင်း ACLED အဖွဲ့၏ ဒေတာအချက်အလက်များအရသိရသည်။
အမေရိကန်နိုင်ငံသည် ပဋိပက္ခဖြစ်ပွားမှု အများဆုံး နိုင်ငံများထဲတွင် အဆင့်(၅၀)တွင် ရပ်တည်နေသည့် နိုင်ငံဖြစ်ပြီး အဆိုပါစာရင်းထဲတွင်ပါဝင်သည့်နိုင်ငံ အများစုသည် အာရှတိုက်နှင့် အာဖရိကတိုက်တို့မှဖြစ်ကြောင်းသိရသည်။ ပဋိပက္ခဖြစ်ပွားမှု အများဆုံးနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံပါဝင်လာမှုသည် နိုင်ငံရေးအကြမ်းဖက်မှုက ဆင်းရဲသောနိုင်ငံ သို့မဟုတ် ဒီမိုကရေစီမဟုတ်သောနိုင်ငံများတွင် ဖြစ်နေသည်ဆိုသည့်အချက်မှာ မမှန်ကန်ကြောင်းကို ပြသခဲ့ကြောင်း ACLED ၏ ဆက်သွယ်ရေး အကြီးအကဲ Sam Jones ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာအသင်းနှင့် (၂)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နည်းပြဇာဗီ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ