ဘာစီလိုနာအသင်းနှင့် (၂)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နည်းပြဇာဗီ
Pika (NSS) - စက်တင်ဘာ ၂၃
ဘာစီလိုနာနည်းပြဇာဗီသည် ၂၀၂၅ ခုနှစ်မတိုင်ခင်အချိန်အထိ ဘာစီလိုနာအသင်းတွင် ရှိနေမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အသင်းတာဝန်ရှိသူများက တရားဝင်ထုတ်ပြန်ပြောကြားခဲ့သည်။
ဇာဗီနှင့် ဘာစီလိုနာအသင်းတို့၏ သဘောတူစာချုပ်သည် ၂၀၂၄ ခုနှစ် နွေရာသီတွင် သက် တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းတာဝန်ရှိသူများသည် ၎င်း၏စွမ်းဆောင်ရည်များကို ကြည့်ရှုကာ တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်အပါအဝင် (၂)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဇာဗီသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဘာစီလိုနာအသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇာဗီသည် ဘာစီလိုနာအသင်းနှင့်အတူ ၂၀၂၂-၂၀၂၃ ခုနှစ် လာလီဂါဆုဖလားနှင့် Spanish Super Cup တို့ကိုဆွတ်ခူးနိုင်ခဲ့ကြောင်းလည်း သိရသည်။ ဇာဗီသည် ဘာစီလိုနာနည်းပြအဖြစ် (၉၆)ပွဲတာဝန်ယူခဲ့ပြီး ပွဲ(၆၀)အနိုင်ရရှိကာ (၁၇)ပွဲသရေနှင့် (၁၉)ပွဲသာရှုံးနိမ့်ထားသူဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုများဖြစ်ပွားခဲ့သော မဏိပူရပြည်နယ်တွင် အင်တာနက်အသုံးပြုခွင့်ပြန်ပေး
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ